Unicode
"ထိုးလိုက်....၊အဲ့ဓားနဲ့ မင်းကိုယ်မင်းထိုးလိုက်"
စကားသံနဲ့အတူ အသွားနှစ်ဖက်ဓားမြှောင်တစ်ချောင်းက ဇမ်းမျက်စိရှေ့ကို ရောက်လာသည်။ဇမ်း က မော့ကြည့်လာတော့ ရှင်းခေတ်စေစားက ညွှန်းကို သူ့ဘေးဆွဲကပ်ကာ ဇမ်းကိုယ်ကကြိုးတွေကိုဖြေပေးဖို့ အမူအယာပြလိုက်၏။ဇမ်းကိုယ်ကကြိုးတွေပြေကျသွားတာနဲ့ ရှင်းခေတ်စေစားက ညွှန်းလည်ပင်းကို သူ့လက်ထဲကဓားနဲ့ထောက်ထားလိုက်ကာ.....၊
"ရွေးချယ်ခွင့်အနေနဲ့ နှစ်ယောက်ထဲက တစ်ယောက်ကိုအသက်ရှင်ခွင့်ပေးမယ်....၊မင်းအသက်ရှင်ရင် ညွှန်းစာစီဖွဲ့သေရမယ်"
"ရှင်းခေတ်စေစား မင်း"
ရှင်းခေတ်စေစား စကားကြောင့် ညွှန်းမှာဒေါသထွက်သွားရကာ နာမည်ခေါ်လိုက်တော့ ရှင်းခေတ်စေစားလက်ထဲက ဓားက ညွှန်းလည်ပင်းထက်ကို အိခနဲဖောက်ဝင်သွားကာ သွေးစတို့စိုလာ၏။
"ညွှန်း!"
"ကျွတ်!ကျွတ်!"
မျက်စိရှေ့မှာတင် သူ့လူနာကျင်သွားရတာကိုမြင်လိုက်တာမို့ ဇမ်းလှုပ်လှုပ်ရှားရှားဖြစ်သွားတာနဲ့ ဘေးကအသင့်ရှိနေသည့်လူတွေက တစ်ဖက်စီကနေ ဇမ်းကိုချုပ်ပစ်လိုက်ကြ၏။ထိုအခါ မချင့်မရဲဖြင့် ရုန်းကန်နေသည့် ဇမ်းကိုကြည့်ရင်း ရှင်းခေတ်စေစားက သနားစဖွယ် စုတ်သတ်သည်။ညွှန်းသည်လည်း ဇမ်းကိုကြည့်ရင်း ဘာမှလုပ်မပေးနိုင်ဘဲ ကြည့်ရုံသာတတ်နိုင်သည့်အခြေအနေဖြစ်နေရ၏။
"ဘယ်လိုလဲ ရွေးချယ်မှု့ကို သဘောတွေ့ရဲ့လား"
"ငါလုပ်မယ် ရှင်းခတ်စေစား"
"ဇမ်း!"
"ငါ မင်းပြောတဲ့အတိုင်းလုပ်ပေးမယ် ငါ့လူကို တစ်စက်ကလေးမှထိဖို့မကြိုးစားနဲ့"
"ဟက်...ရတာပေါ့"
ရှင်းခေတ်စေစားစကားအဆုံးမှာ ဇမ်းက ချုပ်ထားတဲ့လူတွေလက်ကနေတစ်ချက်ရုန်းလိုက်ရင်း ဓားကိုကောက်ကိုင်လိုက်၏။ထိုအခါ ရှင်းခေတ်စေစာက ညွှန်းရဲ့ နား,နားကိုငုံ့ကပ်လိုက်ရင်း နှစ်ယောက်ကြားရုံ အသံခပ်တိုးတိုးနှင့်....၊
YOU ARE READING
You are My Bone [Complete]