Part-4[Uni&Zaw]

45.3K 2.4K 176
                                    

Unicode

"ညွှန်း အဆင်ပြေရဲ့လား"

"ရတယ် ကိုနေ ကျွန်တော်အဆင်ပြေပါတယ်"

"တကယ်လို့အဆင်မပြေရင် ကိုယ်မောင်းပေးမယ် ဖြစ်ရလား"

"အဲ့လိုအရိုင်းအစိုင်းကောင်ကြောင့်နဲ့တော့ အဆင်မပြေစရာမရှိပါဘူး၊တကယ်ကို အရိုင်းအစိုင်းပဲ"

ကိုညွှန်းစာစီဖွဲ့မျက်လုံးတွေက ဒေါသကြောင့်စူးစူးလက်လက်လေးဖြစ်နေပေမယ့် သူ့ကိုကြည့်နေတဲ့ ဦးစက်မျက်လုံးတွေမှာတော့ စိုးရိမ်စိတ်တို့ကအတိုင်းသားမြင်နေရ၏။ပြီးတော့ ချက်ချင်းပဲ ‌အရှေ့ကမောင်းသူနေရာပဲဝင်ထိုင်ပြီး ကိုယ်တိုင်မောင်းတော့မလို ခြေတပြင်ပြင်လက်တပြင်ပြင်နဲ့ ဆစ်ငယ်ကိုတောင်စကားသေချာမပြောတော့ပါ။ကိုညွှန်းစာစီဖွဲ့အိမ်ကိုရောက်တဲ့အထိ ဦးစက်ရဲ့ အကြည့်တို့က တစ်နေရာထဲမှတည်မြဲနေကာ ဆစ်ငယ်ပါနေတာကိုပင်သတိထားမိပုံမရပါ။

ဆစ်ငယ်အိပ်ယာထဲမှာလှဲနေရင်းနေ့လည်က ကိစ္စကိုပြန်တွေးမိတော့ အိမ်မပျော်ဖြစ်ရပြန်သည်။ဦးစက်က ကိုညွှန်းစာစီဖွဲ့ကိုသဘောကျနေတာလား။ညို့အားကောင်းတဲ့ ဦးစက်ရဲ့မျက်လုံးထဲက စိတ်ပူမှု့နဲ့ချစ်ခြင်းရောင်စဥ်တွေကို မဖတ်တတ်ရအောင်  ဆစ်ငယ်ကအရူးမှမဟုတ်ဘဲ။ဒါဆိုရင် ဘာလုပ်ရမှာလဲ။စတောင်မစရသေးဘဲ သူကအရှုံးပေးရတော့မှလား။အခု သူ့အဖြစ်က ပြိုင်ပွဲဝင်ဖို့ကွင်းထဲတောင်မရောက်သေးဘူး အဝါကပ်ပြခံလိုက်ရတဲ့ ကစားသမားလိုဖြစ်နေပြီလေ။

ဒါထက်ပို့ဆိုးတာက ဦးစက်က အစကတည်းကသူ့ကိုသတိမထားမိတာ။ဆစ်ငယ်ကမှတ်မိတာတောင် ဦးစက်ကဘာလို့မမှတ်မိရတာလဲဆို ပြီး ထုရိုက်စိတ်ကောက်ပစ်ရအောင်လည်း ကိုယ်နဲ့သူက ဘာမှမပတ်သတ်သည့်အခြေအနေ။

ဘယ်လိုပဲဖြစ်ဖြစ် သစ်ရွက်လှုပ်တာတောင်ရင်ခုန်တတ်တဲ့အရွယ်လို့ညွှန်းဆိုခံရတဲ့ဒီအရွယ်မှာ စိတ်ကစားခြင်းမျိုးမဟုတ်ဘဲ စွဲလမ်းခြင်းကြီးစွာဖြစ်ခဲ့ရတဲ့ အညိုရောင်ညို့မျက်ဝန်းပိုင်ရှင် ဦးစက်ကိုတော့ ဆစ်ငယ်အပိုင်လိုချင်မိပါရဲ့။ညို့အားပြင်းပြီးဆွဲဆောင်တတ်လွန်းတဲ့ ဦးစက်ရဲ့မျက်ဝန်းတွေက ဘယ်အချိန်မှများဆစ်ငယ်တစ်ယောက်ထဲထံမှာ ငြိတွယ်နိုင်မှာပါလိမ့်။

You are My Bone Where stories live. Discover now