လေဆိပ်ဆင်းသက်တော့မည်ဖြစ်ကြောင်း
ကြေညာလာသည့် လေယာဉ်မယ်ရဲ့အသံခပ်လွင်လွင်ကြောင့် ဇမ်းသတိကပ်သွားရ၏။လေယာဥ်မယ်ရဲ့အသံ ထွက်ပေါ်လာပြီးသိပ်မကြာခင်မှာပဲ လေယာဥ်ကမြေပြင်ပေါ်ကိုဆင်းသက်ကာ ခပ်ငြိမ်ငြိမ်ပဲစက်သတ်ရပ်တန့်သွားခဲ့ကာ ခရီးသည်တွေလည်းအလျှိုလျှိုဆင်းကုန်ကြလေသည်။ဇမ်းတို့ကိုတော့ Hotel ကကားလွှတ်ပေးမှာမို့ ထိုကားကိုပဲစောင့်နေလိုက်သည်။လေယာဥ်က နှစ်ဆင့်စီးခဲ့ရတာကြောင့် ပုံမှန်ဆိုအနည်းငယ်ပင်ပန်းရမှာပေမယ့် ဇမ်းကတော့ ပင်ပန်းနေတာမျိုးလည်းမရှိပါ။မဂႅလာပွဲက မနက်ဖြန်ဆိုတော့ တစ်ရက်စောရောက်နေတာပဲဖြစ်သည်။တစ်ခြားသူတွေကတော့ ခရီးပန်းတာလာကြောင့် Hotel ကိုအမြန်ရောက်ကာနားချင်နေပေမယ့် ဇမ်းကတော့ Hotelကိုမသွားချင်သေးပါ။အချိန်သိပ်မရတာကြောင့်မြို့ပတ်လို့အဆင်မပြေရင်တောင် တစ်နေရာရာကိုတော့ လှည့်ပတ်ကြည့်တာမျိုးလုပ်ကြည့်ချင်သေးသည်။အဲ့တာကြောင့် Hotel ကကားရောက်လာတော့ ဇမ်းလိုက်မသွားဘဲနေခဲ့လိုက်ကာ လမ်းပေါ်အထိလျှောက်ထွက်လာလိုက်ရင်း လိုက်လှမ်းရာကားတစ်စီးကိုလက်တားပစ်လိုက်သည်။ပြီးတော့ ကားပေါ်ရောက်မှ လွယ်လာတဲ့ကျောပိုးအိတ်ကိုချွတ်ကာ ဘေးဘက်မှာထားလိုက်စဉ် ကားသမားက ဘယ်သွားမလဲမေးလာသည်။ဇမ်းက ခြေဦးတည့်ရာလျှောက်သွားချင်ပေမယ့် မကောင်းတဲ့နေရာသွားချင်တဲ့သူမဟုတ်လို့ ဘာလီရဲ့ အဆင်ပြေမဲ့အကောင်းဆုံးနေရာကိုမောင်းခိုင်းလိုက်၏။
ဇမ်းစီးလာတဲ့ကားလေးက လမ်းပေါ်မှာ အရှိန်မှန်မှန်လေးနဲ့မောင်းနှင်နေလေကာ ဇမ်းကတော့ ကားမှန်ကိုချရင်း စီးကရက်ညှပ်ကိုင်ထားသည့်လက်ကို ကားမှန်ပြတင်းပေါက်ပေါ် တင်ထားရင်း စီးကရက်ကို တစ်ရှိုက်ပြီးတစ်ရှိုက်ဖွာရှိုက်ကာ အငွေ့ဖြူဖြူတွေကိုတော့ ကားမှန်တံခါးအပြင်ဘက်ကို လှလှပပလေးမှုတ်ထုတ်ပစ်လိုက်သည်။ပြီးတော့ ကားဖြတ်မောင်းလာတဲ့တစ်လျှောက်က အရာအားလုံးကို အသက်မဲ့ငေးကြည့်မိသည်။နိုင်ငံတစ်နိုင်ငံကနေ နောက်ထပ်နိုင်ငံတစ်ခုဆီ လာတာဖြစ်သည့်အပြင် ဘာသာစကား၊ ယဉ်ကျေးမှု၊ အဆောက်အဦး ဘာဆိုဘာမှ မတူပဲ ခြားနားနေတဲ့ နေရာကိုလာခဲ့တာတောင်မှ မတူတာတွေကိုစူးစမ်းဖို့အတွေးလည်း ဇမ်းမှာရှိမနေပါ။တစ်ဒေသနဲ့တစ်ဒေသ နေထိုင်ပုံမတူညီကြသလို၊ပြောဆိုပုံလည်းတူညီကြတာမရှိ။လှုပ်ရှားသွားလာနေတဲ့လူတွေကအစ နေ့တဒူဝလုပ်ငန်းစဥ်အထိ ကိုယ့်အတွက်ကထူးဆန်းပေမယ့် သူတို့အတွက်ကပုံမှန်လုပ်ရိုးလုပ်စဥ် နေ့စဥ်လုပ်ငန်းတစ်ခုပဲမလား။ဒါကို ဘာကြောင့်ထူးပြီး စူးစမ်းနေအုန်းမှာလဲ။
YOU ARE READING
You are My Bone