Unicode
စူးရှသည့်အလင်းရောင်က မှေးမှိတ်ထားသည့်မျက်ဝန်းတွေပေါ်ဖြာကျလာတာကြောင့် မျက်လုံးတွေအောင့်သက်သွားတာကြောင့် ဇမ်းမျက်ဝန်းတွေကိုပိုဖိမှိတ်လိုက်ရင်း တစ်ဖက်ကိုစောင်းကာဘေးကခန္ဓာက်ိုယ်အိအိလေးကိုဖက်ဖို့ရာလက်လှမ်းတင်လိုက်ပေမယ့် အေးစက်စက်နေရာလွတ်ကိုသာ ဇမ်းလက်တွေကစမ်းမိလေသည်။ပုံမှန်မဟုတ်သည့်ခံစားချက်ကြောင့်လူက အသိစိတ်ပါကပ်သွားရင် ဆတ်ခနဲထထိုင်မိလိုက်၏။အခုမှအိပ်ရာနိးကာစဖြစ်သလို အိပ်ရေးကလည်းသိပ်မဝချင်တာကြောင့် ဇမ်းအနည်းငယ်ခေါင်းနောက်သွားရ၏။သို့သော် ဇက်ပိုးကိုလက်နဲ့အုပ်ကိုင်ကာ သာမန်ကာလျှံကာ နှိပ်နှယ်လိုက်ရင်း ကုတင်ပေါ်ကဆင်းဖို့ပြင်သည်။
သူကပဲအိပ်ယာထနောက်ကျနေတာလား၊ထိုလူကပဲစောစောနိုးပြီးထွက်သွားတာလားမသိ နေရာစုံအောင်ရှာတာတောင်ထိုကြောင်ပေါက်လေးကိုမတွေ့ပါ။ညက အရှိန်နဲ့ဆိုထိုကြောင်ပေါက်လေးလမ်းလျှောက်ဖို့တောင်အတော်ခက်ခဲမှာကို ဘယ်ကိုသွားတာလဲ။စိတ်ကထိုလူ့ကိုတွေးလိုက်မိရင်း စားပွဲခုံလေးဘေးနားရောက်သွားတော့ တစ်ခုခုကိုသတိရသွားသလို စားပွဲမှာတစ်စုံတစ်ခုကိုသည်းကြီးမဲကြီးရှာတော့သည်။
''ကျစ် ဘယ်ကိုရောက်သွားတာလဲ၊ညကသေချာပေါက်ဒီပေါ်မှာတင်ခဲ့တာပါ''
ညက အခန်းထဲပြန်ရောက်လာတာနဲ့ ထိုတရုတ်စကားပန်းပွင့်လေးကို စားပွဲပေါ်မှာချာတင်ခဲ့တာဖြစ်သည်။အင်္ကျီထဲမှာဆိုကြွေသွား၊ကြေသွားမှာဆိုးတာကြောင့် သေချာတင်ခဲ့ကာမှသေသေချာချာကြီးကိုပျောက်သွားရသည့်အဖြစ်။ဇမ်း စိတ်မကျေနပ်စွာ ဆံပင်တွေထဲလက်ကိုထိုးသိပ်ပစ်ကာ ခါးကိုလက်နှစ်ဖက်နဲ့ခပ်နွဲ့နွဲ့ထောက်ပစ်လိုက်မိသည်။ပန်းမတွေ့သလို လူပါပျောက်သွားတာမို့ ဇမ်းအဖြစ်ကမြွေပါလည်းဆုံး သားလည်းဆုံး။ဇမ်းစိတ်ပျက်လက်ပျက်နဲ့ပဲ အင်္ကျီပြန််ဝတ်ဖို့ ကုတင်ဘက်ဆီပြန်လျှောက်သွားလိုက်၏။ညကဘယ်လောက်အထိအသိစိတ်လွတ်ပြီးသောင်းကြမ်းခဲ့တယ်မသိ၊မိုးလင်းတော့ ဘောင်းဘီက ရေချိုးခန်းမှာ အပေါ်ထပ်Shir ကနောက်တစ်နေရာနဲအကုန်တစ်ခုစီလိုက်ရှာဝတ်နေရသည်။
YOU ARE READING
You are My Bone