Part-8[Uni&Zaw]

33K 2.2K 202
                                    

Unicode

မနက်ခင်းကော်ဖီစားပွဲလေးကအတော်ပင်တိတ်ဆိတ်ငြိမ်သက်နေလေ၏။ငြိမ်သက်မှု့‌ကိုစတင်ဖြိုခွင်းလိုက်သူက ‌မေမေ.....၊

''သား ခရီးကပြန်လာထဲက မျက်နှာသိပ်မလန်းဘူနော် ဘာဖြစ်လို့လဲ ဟိုမှာတစ်ခုခုဖြစ်ခဲလို့လား''

မေမေကရိုးရိုးပဲမေးလိုက်တာပေမယ့် ညွှန်းကိုယ့်ဘာသာမလုံမလဲဖြစ်သွားမိသည်။ဒါ့အပြင် ဖေဖေ ကော်ဖီသောက်နေရင်း ညွှန်းကိုမျက်စိလှန်ကြည့်လာတာကြောင့် ညွှန်းကော်ဖီကိုငုံ့သောက်လိုက်ကာ.....၊

"မဖြစ်ပါဘူးမေမေ ပရော့ဂျက်အတွက်အလုပ်တွေများပြီးမနားရတော့ နည်းနည်းပင်ပန်းတာပါ''

နေရောညပါ အလုပ်တွေတောက်လျှောက်‌နေရရင်တောင် တစ်ချက်မှမငြီးတဲ့ အလုပ်သရဲသားဖြစ်သူက အလုပ်ပင်ပန်းတာကြောင့်လို့ပြောလာတာကြောင့် ဒေါ်ပန်းဖွဲ့မယ် အနည်းငယ်စိတ်ဘဝင်မကျဖြစ်သွားရ၏။ခင်ပွန်းဖြစ်သူကို လှမ်းကြည့်လိုက်တော့ ကော်ဖီသောက်မပျက်၊သတင်းစာဖတ်မပျက်မို့ ဒေါ်ပန်းဖွဲ့ သက်ပြင်းခပ်ဖွဖွချမိပြန်သည်။သားသမီးနဲ့ပတ်သတ်လာရင် မိခင်တွေကဖခင်တွေထက်ပိုစိတ်ပူတတ်တာသဘာဝပါပဲ။ဒါပေမယ့် ဖခင်တွေကလုံးဝစိတ်မပူတတ်ကြတာမျိုးမှမဟုတ်ဘဲ။သို့ပေမယ့် သူ့ခင်ပွန်းကျမှသားသမီးအပေါ်မာကျောလိုက်တာ သူမကိုယ်တိုင်တောင် လက်ဖျားခါရသည်အထိ။

သားငယ်ကိုငယ်ငယ်ထဲက စည်းကမ်း၊စည်းကမ်းဆိုတဲ့ ဘောင်တွေထဲမှာသူလိုချင်တဲ့ ပုံစံအတိုင်းဖြစ်အောင်ပျိုးထောင်သည်။အလိုလိုက်တာထက် ဆုပေးဒဏ်ပေးစနစ်ကိုပဲပိုနှစ်သက်ခဲ့တဲ့ခင်ပွန်းသည်ကြောင့် သားငယ်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲပဲရင်ကျက်တည်ငြိမ်တဲ့၊အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်လာသည်။ဒါဟာကောင်းတဲ့အရာလို့ဆိုနိုင်ပေမယ့် လူငယ်တစ်ယောက်ရဲ့ပျော်ရွင်မှု့ လွတ်လပ်ခွင့်ဆိုတာ ဘာမှန်းမသိလောက်အောင် စည်းတွေဘောင်တွေ ကြားမှာလူသားစက်ရုပ်တစ်ပိုင်းဖြစ်ခဲ့တဲ့သားဖြစ်သူအတွက်တော့ ဒေါ်ပန်းဖွဲ့စိတ်မကောင်းဖြစ်မိတာတော့အမှန်ပင်။

"နောက်အပတ်ကျရင် ကုမ္ပဏီကို မန္တလေးက ရှယ်ယာရှင်ဧည့်သည်ရောက်မယ်ဆို''

You are My BoneWhere stories live. Discover now