Part-9[Uni&Zaw]

31.7K 2.1K 236
                                    

Unicode

"မင်း!"

"ဇမ်း!ခင်ဗျားရဲ့ အနာဂတ်ယောကျ်ား!"

"ဘာ!"

အရှေ့ကလူက တစ်ယောက်နဲ့တစ်ယောက်နီးကပ်သည့်အနေအထားမှာ အော်လိုက်တာကြောင့် ဇမ်းနားဆူသွားကာ နားကိုလက်နဲ့ ကလော်လိုက်ရင်း....၊

"ကျစ်!ဘာလို့အော်နေတာလဲ ခင်ဗျား"

"ဒီမှာ မင်းစကားပြောတာဆင်ခြင်ရင်ကောင်းမယ်"

ထိုသူ့စကားကြောင့် ဇမ်းကစိတ်မပါစွာဟွန့်ခနဲတစ်ချက်ရယ်ရင်း ထိုသူနဲ့ပိုနီးကပ်သွားအောင်ထပ်တိုးလျှောက်လိုက်ကာ....၊

"ဘာလို့ဆင်ခြင်ရမှာလဲ၊ကျုပ်ကခင်ဗျားရဲ့ယောကျ်ားပဲလေ၊အခုမဟုတ်တောင် မကြာတော့တဲ့အချိန်မှာ ခင်ဗျားရဲ့ဆိုင်သူဖြစ်လာမှာ၊ဘာကြောင့်လဲဆိုတာ ခင်ဗျားသိပါတယ်"

အရပ်အားဖြင့်ဇမ်းက ခေါင်းတစ်လုံးလောက်ပိုမြင့်နေတာကြောင့် ခေါင်းငုံ့ပြီးနား,နားကိုကပ်ပြောလိုက်တော့နားဘေးကို တိုးဝှေ့သွားတဲ့လေငွေ့နွေးနွေးနဲ့ဇမ်းစကားသံကြောင့် ညွှန်းမျက်နှာလေးကစလို့ နားရွက်ဖျားတွေအထိ ပန်းရင့်ရောင်သန်းသွားရ၏။ပြီးတော့ ဇမ်းရင်ဘတ်ကို အားနဲ့ပိတ်တွန်းပစ်လိုက်ကာ.....၊

"ဘယ်သူက မင်းကိုလက်ခံနေလို့လဲ၊အဲ့နေ့ကတည်းက ငါသေချာပြောခဲ့ပြီးသား"

"ဘာပြောခဲ့တာလဲ၊ကျုပ်နိုးလာတော့ ခင်ဗျားကိုတောင်မတွေ့တော့တဲ့ဟာ"

"ငါ စာချန်ခဲ့တယ်!"

"စာ ဘာစာလဲ"

ဇမ်းကတကယ်မသိသလိုမျက်နှာဘေးနဲ့မေးတော့ ညွှန်းအနည်းငယ်ဇဝေဇဝါဖြစ်သွားမိ၏။

"ငါမင်းနဲ့ထပ်မပတ်သတ်ချင်တော့တဲ့အကြောင်း စာချန်ခဲ့တယ်၊မတွေ့ဘူးလား"

"မတွေ့ဘူး"

ဇမ်းက ဗြောင်ကိုငြင်းသည်။ပြီးတော့ နှစ်ယောက်သားကြားမှာ အနည်းငယ်ဝေးနေသည့်အကွာအဝေးကိုပြန်လည်နီးကပ်စေလိုက်ရင်း....၊

"အခုဘယ်ခေတ်ရောက်နေပြီလဲ၊ကလေးကလား စာ‌တစ်တန်ပေတစ်တန်တဲ့ ဘယ်သူကအတည်မှတ်မှာလဲ"

You are My BoneWhere stories live. Discover now