Part-13[Uni&Zaw]

28.3K 2.1K 184
                                    

Unicode

"Hello!ကိုနေ"

"ဟုတ်ကဲ့၊ပြောပါ ညွှန်း"

"ကျွန်‌တော်အများကြီးတော့ပြောစရာမရှိပါဘူး၊ကျွန်တော် ကုမ္ပဏီကနေအလုပ်ထွက်ကြောင်းပြောတာပါ၊ကုမ္ပဏီအထိလာပြီး ထွက်စာတင်သင့်တာကို အခုလိုဖုန်းပဲဆက်ရတဲ့အတွက်တော့ တကယ်အားနာပါတယ်၊ကိုနေ ကျွန်တော့်ကိုနားလည်မယ်လို့မျှော်လင့်ပါတယ်"

ညွှန်းပြောလိုက်တော့ တစ်ဖက်က ကိုနေအသံအတော်ကြာအောင်တိတ်ဆိတ်သွားလေသည်။

"ဒီလိုပြောရတာ သိပ်မသင့်တော်ပေမယ့်လေ ကိုယ်ညွှန်းနဲ့စကားပြောကြည့်လို့ရနိုင်မလား၊အန်ကယ်ကလည်း ညွှန်းနဲ့ပတ်သတ်ပြီးပြောထားပေမယ့် အသေးစိတ်ကို ဘာမှမသိရဘူး၊နည်းနည်းစပ်စုသလိုဖြစ်နေလားမသိပေမယ့် ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိုတော့သေချာခွဲစေချင်တယ် ညွှန်းရယ်"

"ကိုနေပြောတာကျွန်တော်နားလည်ပါတယ်၊ဒါပေမယ့် အခု ကျွန်တော်အလုပ်ထွက်တယ်ဆိုတာက ဖေဖေကြောင့်လည်းမဟုတ်ပါဘူး ကျွန်တော့်ဘာသာ...."

ညွှန်းပြောရင်းအသံလေးတိမ်သွားတော့ တစ်ဖက်က ကိုနေက သက်ပြင်းခပ်ဖွဖွလးချကာ

"ဒါဆိုရင်လဲ ညွှန်းစိတ်ဆန္ဒအတိုင်းသာလုပ်ပါ၊လိုအပ်တာတစ်ခုခုရှိရင်တော့ ကိုယ့်ကိုပြောနော် ၊ကိုယ် စိတ်လိုလက်ရကူညီလိုစိတ်ရှိပါတယ်"

"ကျေးဇူးတင်ပါတယ် ကိုနေ၊ဒါဆို ကျွန်‌တော့်ကို ဖုန်းချခွင့်ပြုပါအုန်း"

"ကောင်းပါပြီ"

ညွှန်း ‌ဖုန်းပြောခြင်းကိုလက်စသတ်ပြီးတာနဲ့ ဆိုဖာနောက်ကို ပက်ခနဲလှန်ချလိုက်မိသည်။ဘဝကြီးကခက်ခဲလိုက်တာ ဘယ်အထိဆက်ခက်ခဲနေအုန်းမှာပါလိမ့်။အခု အလုပ်မရှိအကိုင်မရှိဖြစ်သွားပြီဆိုတော့ တစ်ခုခုတော့လုပ်ရမှာပေါ့။နောက်ထပ်အလုပ်လျှောက်ဖို့အတွက်အမြန်ဆုံးလှုပ်ရှားရမှာဖြစ်သည်။လောလောဆယ် အလုပ်လျှောက်ဖို့ထပ်အရေးကြီးတာက အိမ်ရှင်းဖို့။မနက်လင်းကတည်းက ဆရာသမားကရေမိုးချိုး အဝတ်စားလဲပြီးတာနဲ့ ညွှန်းပြင်ထားသည့်မနက်စာကိုစားသည်။ပြီးတာနဲ့နံရံမှာချိတ်ထားသည့် ဆိုင်ကယ်သော့ကိုယူပြီးထွက်သွားလိုက်တာ အခုထိပြန်မလာသေး။

You are My BoneWhere stories live. Discover now