Unicode
"ဦးစက်က ဘာလို့ချာတိတ်လို့ပဲခေါ်တာလဲ"
လမ်းလျှောက်တာကိုခဏရပ်ပြီး နူတ်ခမ်းလေးစူကာ ရန်လိုနေတဲ့ချာတိတ်ကြောင့် စက်ရှိန် ဟက်ခနဲတစ်ချက်ရယ်လိုက်မိသည်။
"ချာတိတ်မလို့ချာတိတ်လို့ခေါ်တာပေါ့ကွ၊ဘာလို့လဲ မကြိုက်ဘူးလား"
"အင်း၊မကြိုက်ဘူး အမြဲတမ်းကြီးချာတိတ်လို့ခေါ်ခံနေရတာမကြိုက်ဘူး"
"ဒါဆို ဘယ်လိုခေါ်ရမှာလဲ"
"တစ်ခုခုပေါ့၊နံမည်ဖြစ်ဖြစ်"
"တုတု"
ဆစ်ငယ်ကိုနာမ်စားသတ်မှတ်ခေါ်လိုက်တဲ့ ဦးစက်ရဲ့နှစ်ခမ်းနှစ်လွှာပွင့်ဟလှုပ်ခတ်သွားတဲ့အချိန် ဆစ်ငယ်တစ်ကိုယ်လုံး သွေးကြောတွေအထိ ရင်ခုန်သံတွေပျံ့နှံစီးဆင်းသွားသလိုပင်။ပြီးတော့ ရင်ခုန်သံတို့က နားထင်အထိ တစ်ဒိတ်ဒိတ်နဲ့ တက်ဆောင့်နေသလို.....၊
"ဗျာ"
"အဆင်မပြေဘူးလား"
"ပြေ ပြေတယ်"
တုတုတဲ့။ ဦးစက်က သူ့ကိုခေါ်တာ တုတုတဲ့လေ။ကြည်နူးလွန်းလို့ မြင်မြင်သမျှ၊ကြားကြားသမျှက အရောင်စုံတောက်ပကာ ချစ်စဖွယ်ဖြစ်နေသည့်အလား။
သူ့ကိုမော့ငေးရင်း နူတ်ခမ်းလေးပွင့်ဟကာပြုံးနေသည့် ချာတိတ်ကြောင့် စက်ရှိန်ပါပြုံးမိသွားရ၏။ညနေဘက်မို့လှည်းတန်းမှာ လူကအတော်စည်နေပြီဖြစ်သည်။ဆိုင်တွေကစုံတဲ့အပြင် အစားအသောက်တွေကလည်း မျိုးစုံမို့ စက်ရှိန်နည်းနည်းတော့ခေါင်းနောက်ချင်သည်။ပုံမှန်ဆို စက်ရှိန်အနေနဲ့ လူကြပ်တဲ့နေရာတွေမှာဆို နည်းနည်းစိတ်ကျဥ်းကြပ်သည်မို့။
"ဦးစက် YBS စီးတတ်လား"
"ပေါက်ကရတွေ....ကိုယ်ကဘယ်လိုလုပ်..."
"မစီးဘူးရင် စီးကြည့်မလား"
သူ့စကားမဆုံးခင်ဖြတ်ပြောလာသည့်တုတုစကားကြောင့် စက်ရှိန်ခေါင်းနပန်းကြီးသွားရသည်။အခုတောင်လူကမူးနောက်နောက်ဖြစ်ချင်နေတာ YBSသာစီးရင် တစ်ခါထဲ ပစ်လဲကျသွားလောက်သည်။
YOU ARE READING
You are My Bone