Part-17[Uni&Zaw]

42.3K 2.6K 238
                                    

Unicode

ညကသန်းခေါင်ကျော်ကျော် နောက်နေ့ဘက်သို့ချင်းနှင်းဝင်ရောက်နေပြီဖြစ်သည်။တိတ်ဆိတ်မှု့က စိတ်ငြိမ်ခြင်းကိုဖြစ်စေခြင်းထက် အတွေးများမှု့ကိုပိုဖြစ်ပေါ်စေကာ အတွေးတို့က အတိတ်နဲ့အနာဂတ်ကို ကူးလူးဆက်သွယ်နေခဲ့လျက်။တစ်ခန်လုံးအမှောင်အတိဖြစ်နေရင်း စာပွဲခုံလေးပေါ်မှာသာ ပြာလဲ့လဲ့ခပ်မှိန်မှိန်မီးအိမ်လေးက ထွန်းလင်းနေပြီး ထိုင်ခုံမှာထိုင်နေသည့် လူငယ်လေးတစ်ယောက်။ပြီးတော့ လက်ထဲမှာကိုင်ထားသည့် ဓာတ်ပုံလေးတစ်ပုံ။

အိပ်ယာထပ်ပေါ်ကိုမျက်ဝန်းတွေ့ရွေ့လျားကာဝေ့ဝဲကြည့်လိုက်တော့ အသက်ရှုသံခပ်မှန်မှန်နဲ့အိပ်ပျော်နေတဲ့ သူ့လူက ငြိမ်သက်စွာတည်ရှိနေဆဲ။ပြီးနောက် အေးစက်စက်မျက်ဝန်းတွေက လက်ထဲကဓာတ်ပုံလေးဆီမှာ တစ်စိုက်မတ်မတ်ကျရောက်‌သွားရင်း မှေးရိုးတွေတင်းခနဲလှုပ်ခတ်သွား၏။အဝါရောင်နေကြာခင်းကြီးကိုနောက်ခံထားပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးထဲက ဆယ်ကျော်သက်ကလေးငယ်နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက် ပခုံးဖက်ကာ အပူအပင်ကင်းစွာရယ်မောနေပုံလေးက အတော်ပင်ချစ်စဖွယ်ဖြစ်နေ၏။ဟူဒီအပြာနုလေးကိုဆင်တူဝတ်ထားပြီး ညာဘက်ကကောင်လေးက မျက်မှန်လေးနဲ့ပါးချိုင့်ထင်းထင်းလေးရှိနေပြီး ဘယ်ဘက်ကတစ်ယောက်ကတော့ ဇမ်းပင်။

"ရှင်း!"

ဓာတ်ပုံပေါ်ရှိညာဘက်ကကောင်လေးမျက်နှာကို ခပ်ဖွဖွလက်မနဲ့ထိလိုက်ရင်း တိုးသက်သက်အသံလေးက အေးစက်ကာကြေကွဲမှု့တွေပါဝင်နေလျက်။

"အခုအချိန်မှာ မင်းဘာ‌လုပ်နေလောက်မလဲ၊သေခြင်းရှင်ခြင်းကို ငါအမိန့်ပေးစေခိုင်းလို့ရရင် မင်းကိုအသက်ရှင်နေပေးစေဖို့အတွက် အမိန့်ပေးမယ်၊ဒူးထောက်တောင်းပန်ရမယ်ဆိုရင်လည်း ဆုတောင်းကိုမဖြည့်ပေးမချင်း ငါဒူးထောက်ဖို့ဆန္ဒရှိတယ် ရှိင်း၊ကျေးဇူးပြုပြီး မင်းအသက်ရှင်နေပေးလို့ရမလား"

ဇမ်းရဲ့စကားသံတို့ကအနည်းတိုးတိတ်ကာအဖျားခတ်တုန်ယင်နေသည်။

"ငါအရာအားလုံးကို မင်းအတွက်စွန့်လွတ်ပြီး ဒီအခြေအနေထိရောက်လာခဲ့လို့ ငါ့ဘဝမှာနောင်တရခဲ့တာတစ်ရက်မှမရှိဘူး ရှင်း"

You are My Bone Where stories live. Discover now