Part-19[Uni&Zaw]

27.7K 2.1K 213
                                    

Unicode

"ပြော King"

"သူတို့ရဲ့တည်နေရာလို့ပြောလို့ရတဲ့နေရာတွေကို အကြမ်းဖျင်းသိရပြီ Dark"

ဖုန်းထဲကတစ်ဖက်လူရဲ့စကားကြောင့် ဝရံတာလက်တန်းပေါ်ကို တံတောင်တင်ထားကာ အမှောင်ထဲကို စူးစိုက်ကြည့်နေသည့် ဇမ်းမျက်ဝန်းတွေက လက်ဖြာသွားရ၏။နောက်ဆုံးတော့ ဒီအချိန်ကိုရောက်လာပြီပေါ့။

"အင်း ‌အတိအကျလား"

"အရမ်းတိကျနေတာမျိုးတော့ မဟုတ်ဘူး ခန့်မှန်းချေပေါ့၊ငါ မင်းဆီကို Mail ပို့ပေးလိုက်မယ်"

"မပို့နဲ့ အခု L‌aptop ကငါ့ဆီမှာ မဟုတ်ဘူး"

"ဒါဆို မင်းဖုန်းကိုပို့လိုက်မယ်"

"ငါ့ရဲ့ဖုန်းက Save မဖြစ်တာမင်းလည်းသိပါတယ် King"

"ကျစ်!အဲ့တာဆို ဘယ်လိုလုပ်ရမှာလဲ"

King က စုတ်တစ်ချက်သပ်ရင်း ပြောတော့ ဇမ်း ဖုန်းမကိုင်ထားတဲ့သူ့နောက်လက်တစ်ဖက်နဲ့ ဆံပင်တွေထဲ ထိုးဖွပစ်သည်။ပြီးတော့ အိပ်ယာပေါ်မှာ အသက်ရှုမှန်မှန်နဲ့အိပ်ပျော်နေတဲ့သူ့လူ့ကိုတစ်ချက်ကြည့်ရင်း သက်ပြင်းတစ်ချက်ကိုခပ်လေးလေးချပြီး နာရီကို တစ်ချက်ကြည့်လိုက်တော့ အချိန်က ည၁၁နာရီ။

"ပြောစရာအချက်အလက်တွေများလား"

"အင်း နည်းနည်း"

"ငါ မင်းဆီလာခဲ့မယ်"

"Dark မင်း အချိန်က"

"အချိန်က အချိန်၊လူကလူပဲ...အချိန်ကလူကိုမစောင့်သလို လူကလည်း အချိန်ကိုမစောင့်ဘူး King....ငါခနနေရောက်မယ် "

ဇမ်းပြောပြီးတာနဲ့ တစ်ဖက်က ပြန်ဖြေခြင်းမဖြေခြင်းကို ဂရုစိုက်မနေတော့ဘဲ ဖုန်းချပစ်လိုက်သည်။ပြီးတော့ အခန်းထဲပြန်ဝင်ကာ ဖုန်းမီးဖွင့်ပြီး ဆိုင်ကယ်သော့ကိုသွားဖြုတ်သည်။အခန်းမီးဖွင့်လိုက်ရင်ရပေမယ့် သူ့လူနိုးသွားမှာဆိုးတာကြောင့် လှုပ်ရှားမှု့တွေကိုပါ အသံတိုးသထက်တိုးအောင် ခပ်ငြိမ်ငြိမ်နဲ့မြန်မြန်လေးလုပ်လိုက်သည်။

"ဇမ်း..."

"ဟင်"

အသံကကိုယ့်နံမည်ကိုခေါ်လို့ထူးလိုက်တာမျိုးမဟုတ်ဘဲ ရုတ်တရပ်မို့နူတ်ကထွက်သွားမိခြင်း။ဇမ်း ကုတင်ဘေးက အံဆွဲထဲမှ လက်အိတ်ယူဖို့ ကုန်းကုန်းကွကွလှုပ်ရှားနေတုန်း အိပ်မှုန်စုတ်မွှားအသံလေးလေးနဲ့ သူ့နံမည်ခေါ်လာတာကြောင့်လှုပ်ရှားမှု့တွေရပ်တန့်သွားရကာ ညွှန်းကိုကြည့်လိုက်မိသည်။အံဆွဲက ညွှန်းအိပ်နေသည့်ဘက်အခြမ်းကဆိုတော့ ကြည့်ရတာ သူ့ဘေးနားကလှုပ်ရှားနေသည့် အသံတစ်ချို့ကြောင့်နိုးသွားပုံပင်။

You are My BoneWhere stories live. Discover now