Part-23[Uni&Zaw]

27.8K 2.1K 185
                                    

Unicode

"နိုးလာပြီလား...၊စားပွဲပေါ်မှာ မနက်စာပြင်ပေးထားတယ်"

ဇမ်းရဲ့အသံကြောင့် ညွှန်းနားထင်လေးကိုလက်နဲ့ပွတ်နေရင်း ကိုယ်လေးဆတ်ခနဲဖြစ်သွားမိသည်။ကြည့်လိုက်တော့ ဇမ်းက ဧည့်ခန်းမှာ Laptopတစ်လုံးနဲ့အလုပ်ရှုတ်နေ၏။ရုတ်တရပ် ဇမ်းပုံစံကြောင့် ညွှန်းအနည်းငယ်အံ့အားသင့်သွားရသည်။ထို့ကြောင့် ထမင်းစားခန်းဆီမသွားဘဲ ဇမ်းရှိရာဧည့်ခန်းဆီသို့ဝင်လာခဲ့လိုက်ရင်း....၊

"မင်း အလုပ်လုပ်နေတာလား"

"အင်း"

အဖြေစကားကခပ်ပြတ်ပြတ်ဖြစ်ကာ တိုတောင်းလွန်းလှ၏။ဒါ့အပြင်ဇမ်းမျက်ဝန်းတွေကအေးစက်နေသလို မျက်နှာကလည်းအခါတိုင်းထက်ပိုတည်ငြိမ်နေ၏။နက်မှောင်ပြီးခပ်ပြေပြေဖြစ်နေတဲ့မျက်ခုံးတန်းတွေအောက်က မျက်ဝန်းတို့က Laptopဆီမှာသာ အာရုံစိုက်ပြီး ညွှန်းဆီသို့မော်၍ပင်ကြည့်မလာ။အနည်းငယ် အေးစက်သည့်အခြေအနေကြောင့် ညွှန်းနေမထိထိုင်မသာဖြစ်သွားရ၏။

"မင်းဘာစားပြီးပြီလဲ"

"မစားရသေးဘူး....၊ဒါပြီးမှစားမလို့"

ဇမ်းစကားဆုံးတော့ ညွှန်းကဇမ်း‌အနားသို့ ခပ်ဖြေးဖြေးလျှောက်သွားလိုက်ကာ ဘေးဘက်ကဆိုဖာမှာဝင်ထိုင်သည်။ဇမ်းဘာလုပ်နေလဲဆိုတာစိတ်ဝင်စားပေမယ့် ကြည့်တော့မကြည့်ချင်ပေ။မကြည့်ချင်ဘူးဆိုတာထက် ဇမ်းရဲ့ပုံစံကြောင့်အနည်းငယ်ရှိန်နေတာပင်။ဘယ်လိုမှန်းမသိပေမယ့် ဇမ်းကဇမ်းမဟုတ်သလို အရမ်းကို ငြိမ်သက်လွန်းနေသည်။

"ငါစောင့်နေမယ်"

ညွှန်းပြောတော့ ဇမ်းက မျက်လုံးလေးပဲ တစ်ချက်လှန်ကြည့်ကာ သူ့အလုပ်သူပြန်ဆက်လုပ်နေ၏။လုပ်နေစဥ်အတွင်း ညွှန်းကို တစ်ချက်မှပြန်မကြည့်တော့။ညွှန်း ဇမ်းကိုစောင့်နေရင်း စိတ်ထဲမှာလည်းကိုယ့်ဘာသာအလိုမကျဖြစ်မိသည်။တကယ်ဆို အခြေအနေတွေကပြောင်းပြန်ဖြစ်လွန်းနေသည်မဟုတ်လား။သူနဲ့ဇမ်းဟာပြဿနာဖြစ်ထားတာအပြင် ဇမ်းနဲ့သူလုံးဝမျက်နှာချင်းမဆိုင်ချင်ဖြစ်နေသည့်အနေအထားမှာ ဘာလို့ သူကဇမ်းဘေးမှာ ထိုင်စောင့်နေပေးရလဲဆိုတာ တကယ်စဥ်းစားလို့မရ။ဇမ်းကပဲ ဆွဲအားပြင်းနေသလား။

You are My BoneWhere stories live. Discover now