![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ဒါကဇမ်း ညွှန်းအတွက်ဝယ်ပေးတဲ့ Drawing Tabletပါ။မြန်မာငွေနဲ့ဆို ၆၅သိန်း/သိန်း၇၀နီးပါးရှိပါတယ်။
♣️Unicode♣️
"ရှင်း!"
ဇမ်းနူတ်ကအသံခပ်တိုးတိုးထွက်သွားကာ ဆိုင်ကယ်ကပါစက်သတ်ပြီးသားဖြစ်သွား၏။အကွာအဝေးက ကြည့်လိုက်တာနဲ့ရှင်းရှင်းလင်းလင်းမြင်ရတဲ့အထိ မဝေးတော့သည့်အနေအထားမို့ ထိုကောင်လေးက ဇမ်းခေါ်တာကိုကြားသွားပုံရကာ ဇမ်းကိုသေချာပြန်ကြည့်လာရင်း....၊
"ဟို...ရှင်းကိုခေါ်လိုက်တာလားဟင်"
"ဟင်!"
ဒီတိုင်းစကားပြောတာတောင် ပါးချိုင့်လေးကထင်းနေပြီး သူ့ကိုမျက်လုံးလေးပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလာသည့်ကောင်လေးက အရပ်လေးပိုရှည်နေတာကလွဲရင် ရှင်းနဲ့အတော်ပင်တူလွန်းနေ၏။ဇမ်း ခြေတစ်ဖက်ကိုထောက်ရင်းဆိုင်ကယ်ဝိတ်ကိုထိန်းထားကာ လူကအခုအချိန်ထိ အသိကကောင်းကောင်းပြန်မကပ်သေး။သူရှေ့မှာ ရှိနေတဲ့ကောင်လေးကိုသာကြည့်နေမိ၏။
"အကိုဗျ"
"အာ...Sorry!"
အရှေ့ကကောင်လေးက သူ့မျက်နှာရှေ့ကို လက်လေးယမ်းပြရင်း ခပ်ကျယ်ကျယ်ခေါ်လိုက်တော့မှ ဇမ်းအသိတွေပြန်ကပ်သွားသလိုအားလည်းနာသွားမိ၏။
YOU ARE READING
You are My Bone