Part_27[Uni&Zaw]

25.8K 1.8K 544
                                    

Unicode

ဇမ်းအခန်းထဲကထွက်ပြီးခနလောက်ကြာမှ ညွှန်းအနောက်ကလိုက်သွားမိ၏။ မိမိက ချက်ချင်းလာမ​ပြောရ​ကောင်းလားဆိုပြီး ​ပြောသွားတဲ့သူ့ကြောင့် မှန်တာဆိုရပါလျှင် ညွှန်းနည်းနည်း​တော့ ​အောင့်သက်သက် ဖြစ်ရသည်။ ဒီ​ကောင်​လေးအ​ကြောင်းဆို ချက်ချင်း အချိန်နဲ့တ​ပြေးညီသိမှ ဖြစ်မယ့်အထိ ဒီ​ကောင်​လေးက အ​ရေးပါ​နေသည်လား။

​တွေးရင်းနဲ့မှ ရှင်း​လေးပုံစံကို ပြန်​တွေးမိပြန်​တော့ ရှင်းလေးက ညွှန်းနဲ့မတူ နုနယ်ကာ ဖြူစင်ဟန်​ပေါ်လှသည်။ ကာကွယ်​ပေးချင်စရာပုံရိပ်၊ သနားချင့်စဖွယ်ပုံတို့က ထင်ဟပ်လျက်။

ဧည့်ခန်းထဲရောက်တော့ ရှင်းကဇမ်းကိုမြင်တာနဲ့ထိုင်နေရာကနေထကာ ဇမ်းရှိရာသို့မပြေးရုံတမယ်ခပ်သွက်သွက်လျှောက်လာပြီး ဇမ်းဘေးမှာခပ်ကပ်ကပ်လေးရပ်လိုက်၏။

"ဘာဖြစ်လို့လဲ"

ဇမ်းက သူ့ဘေးမှာလာရပ်နေသည့်ရှင်းကို မေးဆတ်ရင်းမေးလိုက်ပေမယ့် တွန့်ချိုးထားသည့်မျက်ခုံးတွေကတော့ပြေလျော့သွားခြင်းမရှိပေ။ ဇမ်းမေးတော့ ရှင်းကသူ့လက်လေးတွေနဲ့ အင်္ကျီအနားစတွေကိုလုံးချေလိုက်ရင်း

"ရှင်းအခန်းက ရေပိုက်ခေါင်းကလေ ရေကျနေလို့အကို အဲ့တာလေးလိုက်ကြည့်ပေးပါလားဟင်"

"ရေကဘယ်ကတည်းကကျတာလဲ"

"ရှင်းလည်းတစ်နေ့လုံးအလုပ်ရှုပ်နေတော့လေ အခုအိပ်ခါနီးမှသိတာ...၊ ရေကတစတောက်တောက်ကျနေတော့လေ ​ရေကျသံက​ နည်းနည်း ​ကျောချမ်းလို့ အကို"

ဇမ်းကိုကြည့်ရင်းခပ်မဲ့မဲ့ပြောနေသည့်ရှင်းပုံစံလေးကအခုပဲငိုချတော့မဲ့ကလေးလိုဖြစ်နေလေသည်။ရှင်းပုံစံလေးကဝတ်ပုံစားပုံနဲ့ အပြုအမူလေးတွေကြောင့်သာကလေးလေးလိုထင်ရပေမယ့် အရပ်က၆ပေနီးနီးလောက်ကိုရှိကာ ဇမ်းနဲ့ကအရမ်းအကွာကြီးဖြစ်မနေပါ။သေချာယှဥ်ကြည့်ရင် ရှင်းကညွှန်းထက်တောင်ပိုအရပ်ရှည်ပြီးထွားနေအုန်းမည်။

"သွားရမယ်ဆိုလည်းစောစောစီးစီးသွားပြီးလုပ်လိုက်လေ အချိန်ကနောက်ကျနေပြီ ရှင်းလေးလဲအိပ်ချင်ရောပေါ့"

You are My BoneWhere stories live. Discover now