Part 1

591 19 5
                                    

နန်းတော်တမျှကြီးမားလှတဲ့ Jeon အိမ်တော်ကမြင်ရသူအပေါင်းကိုမှင်သက်စေသည်။
ထိုအိမ်တော်ကြီးရဲ့ ဧည့်ခန်းထဲကိုဝင်လိုက်တာနဲ့
အိမ်တော်သခင်တို့ရဲ့ မိသားစုပုံတွေကိုဝံကြွားစွာ ချိတ်ဆွဲထားသည်ကိုမြင်ရပေမည်။
ထိုပုံတွေကတော့..
သားကြီး Jeon NamJoonနဲ့ခင်ပွန်း Jeon SeokJin

သားလတ် Jeon Yoongi နဲ့ ခင်ပွန်း Jeon JiMin

သားငယ် Jeon JungKook နဲ့ ခင်ပွန်း Jeon TaeHyung

ထိုပုံတွေအပြင် ကျန်ရှိနေသေးတဲ့နှစ်ပုံကတော့
Jeon NamJoon, Jeon SeokJin နဲ့ သူတို့ရဲ့
၉နှစ်အရွယ်သားဖြစ်သူ Jeon NamJin..

နောက်တစ်ပုံမှာတော့
Jeon Yoongi, Jeon JiMin နဲ့ သူတို့ရဲ့
၆နှစ်အရွယ်သား Jeon YoonMin...တို့ပုံတွေပင်

Jeon JungKookနဲ့ Jeon TaeHyungတို့အတွဲကတော့ ခုထိရင်သွေးမရှိသေးပေ။

Jeonညီအကိုတွေရဲ့အိမ်ထောင်သက်တမ်းက
၃နှစ်စီကွာခြားကြသည်။
အကြီးဆုံးJeon NamJoon ရဲ့ခင်ပွန်းဖြစ်သူ
Jeon SeokJin နဲ့ အငယ်ဆုံး Jeon JungKookရဲ့ခင်ပွန်း Jeon TaeHyung တို့ဟာ
ညီအစ်ကိုတစ်ဝမ်းကွဲတော်ကြသလို
သားလတ် Jeon Yoongi ရဲ့ခင်ပွန်းJeon JiMin ဟာလဲ Jeon TaeHyung ရဲ့ soulmateဖြစ်သည်

မနက်ခင်း ၅နာရီသာရှိသေးသော်လည်း
Jeon အိမ်တော်ရဲ့မီးဖိုခန်းမှာတော့ SeokJin ,
JiMinတို့ နဲ့အတူ အိမ်တော်ထိန်းနဲ့အတူ အကူကောင်မလေးတို့ မနက်စာပြင်ရင်း အလုပ်ရှုပ်နေကြရသည်။
အခုနေပြင်မှ မနက်စာစားသွားဖို့မှီမယ်မလား။

မနက်စာကထွေထွေထူးထူးတော့မဟုတ်ပေမဲ့
လူတစ်ယောက်အတွက်မနက်စာကတနေကုန်
လှုပ်ရှားနိုင်ဖို့လိုအပ်သည်လေ။

SeokJinတို့်ပြင်ထားသည်ကတော့
ကင်မ်ချီထမင်းကြော်လေးရယ် ကော်ဖီ နွားနို့နဲ့
မုန့်တို့ဖြစ်သည်။
ထို့အပြင် ကလေးတွေရဲ့ကျောင်းထမင်းချိုင့်အတွက်လဲ ချက်ကြပြုတ်ကြ ပြင်ဆင်ထည့်ပေးကြနဲ့ အချိန်က ၆နာရီခွဲပင်ကျော်သွားပြီ။

အပေါ်ထပ်မှာ အိပ်နေကြသေးတဲ့ အိပ်ပုတ်တစ်သိုက်အားနှိုးရန် seokjinအပေါ်တက်လာလို်က်သည်။ Jimin ကတော့အောက်မှာ စားဖို့အသင့်ပြင်နေရင်းကျန်ခဲ့ရသည်။

SeokJin အရင်ဆုံး JungKookတို့အခန်းတံခါးကိုခေါက်လိုက်ပြီး
"jungkookရေ taehyung ထကြတော့ ၇နာရီတောင်ရှိတော့မယ် ကြားကြလား ''*knock*²

Jeons' Home Sweet Home Where stories live. Discover now