Part 27

125 8 0
                                    

TaeHyungတို့ဆေးရုံတစ်ပတ်လောက်တက်လိုက်ရပြီး အိမ်ပြန်လာကြတော့ အိမ်အဝင်တံခါးဝမှာ
'WELCOME HOME!! Jeon Sweetie"ဆိုတဲ့
Banner ကိုတစ်ဖက်တစ်ချက်စီကိုင်ပြီးရပ်နေတဲ့ Jin Hyung နဲ့ Jimin...

TaeHyungကသမီးလေးကိုပွေ့လျက် ကားထဲကဆင်းလာတော့ Jin hyung က

''ငါတို့မင်းသမီးလေး အိမ်ရောက်ပြီဟေ့.."လို့အိမ်ထဲကိုလှမ်းအော်သည်။
ထိုအခါ အိမ်ထဲကနေ မာမီတို့ NamJoon hyung, Yoongi hyungနဲ့ NamJinလေးတို့နှစ်ယောက်ပါထွက်လာကြသည်။

''ဒါ..သားတို့ညီမလေးလား ပါပါးထယ်?" YoonMinလေးက TaeHyungနားကပ်ပြီး သူ့ညီမလေးကိုခြေဖျားလေးထောက်လို့ကြည့်ပြီးမေးလာသည်။

"ဒါပေါ့..သားရဲ့ ခုတော့အိပ်နေတုန်းမို့ နိုးလာမှဆော့နော်"

''ကဲ..အထဲဝင်ကြမယ်လေ ထယ်လေးလဲနားချင်မှာပေါ့"မာမီကပြောတော့ အကုန်လုံးလဲအိမ်ထဲဝင်လိုက်ကြသည်။

အကုန်လုံးက ဧည့်ခန်းထဲဝင်ထိုင်ကြပေမဲ့
ဂြောငျကုကတော့ ထယ်ယောင်းဆီကနေကလေးကိုချီပြီး အပေါ်ထပ်အိပ်ခန်းထဲက သမီးလေးအတွက်လုပ်ပေးထားတဲ့ ပုခက်ထဲ အရင် သွားသိပ်သည်။
ပြီးမှ အောက်ထပ်ပြန်ဆင်းလာပြီး ထယ်ယောင်းဘေးနားဝင်ထိုင်သည်။

လူစုံတာနဲ့ ဂျွန်ဒယ်ဒီကစကားစပြောလာသည်။

"သားထယ်လေးလဲ ကလေးမွေးပြီးပြီဆိုတော့ ဒယ်ဒီတို့လဲပြန်တော့မယ်ကွာ.."

"ဟင်..ဒယ်ဒီ ဒီမှာပဲနေလိုက်တော့လေ
ဘာလို့ပြန်မှာလဲ" JungKookပြောလိုက်တော့
မာမီကပါဝင်ပြောသည်။

"မင်းဒယ်ဒီပဲပြန်မှာ..မာမီမပါဘူး သား
ခုမှ မြေးမျက်နှာမြင်ရရုံရှိသေးတာကို ပြန်စရာလား ။"

"မာမီတောင်ဒီမှာနေမှာကို ဒယ်ဒီကလဲ.."

"ဟ..မပြန်လို့ရမလား ဟိုကအလုပ်တွေပစ်ခဲ့ပြီး ဒိီမှာလာ​ေနတော ထယ်လေး ကိုယ်ဝန်လွယ်ထားတဲ့တစ်လျှောက်ပဲလေ
အခုတော့ ခနပြန်ရမှာပေါ့ "

"ဒယ်ဒီ့သဘောပဲ "ဟုသာ ဂျောင်ကုပြောလိုက်သည်။

"ကဲပါ..ထယ်လေး သားဗိုက်ဆာနေပြီလား"

"နည်းနည်း..မာမီ"

"သားအတွက် မာမီ ကြက်သားလေးကြော်ပေးထားတယ် အစပ်တွေမပါအောင်ကြော်ထားတာ
လာ..မာမီနဲ့သွားစားရအောင်" ထယ်ယောင်းလဲ
မာမီ့နောက်လိုက်ပြီး ထမင်းစားခန်းဆီသွားလိုက်တော့ မောင်ကပါ,ပါလာသည်။

Jeons' Home Sweet Home Where stories live. Discover now