Part 22

123 10 0
                                    

JungKookအလုပ်လုပ်ပြီးလို့ ထယ်တစ်ယောက်ငြိမ်နေတာမို့ ဘာလုပ်နေလဲလို့လှည့်
ကြည့်မိတော့...
"ဟော...အိပ်နေတာကို ဘယ်နှနာရီရှိပြီလဲမသိ''ဟုရေရွတ်ရင်း နာရီလှမ်းကြည့်မိတော့ ညနေ ၄နာရီ ထိုးခံနီးဖြစ်နေပြီ။
ဒီအချိန်ထိဆက်အိပ်ခိုင်းနေရင် ထယ် ဖျားသွားနိုင်တာမို့ နှိူးဖို့ပြင်ရသည်။
ကုတင်နားသွားလိုက်ပြီး အိပ်ပျော်နေတဲ့ထယ့်ရဲ့လက်မောင်းလေးကိုအသာလှုပ်ပြီး နှိုးလိုက်သည်။
"ထယ်..ထယ်ရေ ထတော့... ထယ်
၄နာရီတောင်ထိုးနေပြီ ထယ်ရဲ့ မအိပ်နဲ့တော့"

''အင်း..အင်း ထမယ် ထမယ် ခနလေး.."ဆိုကာတစ်ဖက်ပြန်လှည့်သွားလေတဲ့ထယ်...

''ဘာမှမခနဘူး.. ထယ် ထ ခေါင်းကိုက်ကုန်မယ်
ညနေစောင်းကြီးအိပ်တာမကောင်းဘူးလေ..
မောင့်ဗိုက်ဗိုက်က လိမ္မာပါတယ်ကွာ..ထတော့
ထယ်ဘာစားချင်လဲ မောင်သွားဝယ်ပေးမယ်"

"မာလာကြက်ကြော်... "
အစားအသောက်သံကြားတော့မှ မျက်လုံးမပွင့်တပွင့်နဲ့ စားချင်တာထပြောတဲ့ထယ်ရယ်ပါ။

"အစပ်တွေအဲ့လောက်မစားပါနဲ့ကွာ...
တခြားဟာပြော "

"အဲ့ဒါပဲစားချင်တာကို...မောင်ကလဲ
ဘာလဲ ငြိုငြင်တာလား "

"မဟုတ်ရပါဘူးကွာ...မောင်ကစိတ်ပူလို့ပြောတာ... အစပ်တွေစားလို့အဆက်မပြေနိုင်လို့လေ
ထယ်က ကလေးလေးနဲ့လေ "

"ဟွန့်....မကျွေးချင်တိုင်းလျှောက်ပြောနေတာ"ဟုဆိုကာ အိပ်ရာပေါ်မှထကာ ရေချိုးခန်းထဲတန်းဝင်သွားတဲ့ ထယ်ကြောင့် ဂျောင်ကုမှာ အနောက်ကနေလှမ်းအော်ပြီးသတိပေးရပြန်သည်။

"ဟေ့..ဗိုက်ဗိုက် ခြောျလဲနမေယျနောျ သတိထား"

''သိတယ် လျှာမရှည်နဲ့..''ထယ့်ရဲ့ ဂျစ်တစ်တစ်လေသံက လိုချင်တာမရတဲ့ကလေးလေးတွေလိုဖြစ်နေသည်မို့ ဂျောင်ကုပြုံးမိသွားရသည်။
ဟင်း..စားချင်တယ်ဆိုတော့လဲ ဝယ်ကျွေးလိုက်ရုံပေါ့ မဟုတ်ရင် ကောက်တေးလေးက ကောက်အုံးမှာရယ် ခုတောင် ဂျစ်တစ်တစ်...

ထယ်ယောင်း ခွေလကျဆေးပွီး ပြန်ထွက်လာတော့ ကုတင်ပေါ် ထိုင်နေတဲ့မောင်က ပြုံးပြသည်။
မောင့်ကိုစိတ်မကြည်တာမို့ မျက်စောင်းသာလှမ်းထိုးလိုက်သည်။

Jeons' Home Sweet Home Where stories live. Discover now