Part 4

150 12 0
                                    

နေ့တဓူဝပုံမှန်လုပ်ရိုးလုပ်စဥ်အတိုင်းဖြတ်သန်းလာကြရင်းဖြင့် ဂျယ်ဂျူးမဆင်းခင်တစ်ရက်အလိုသို့ရောက်လာလေပြီ။

မနက်ဖြန်ဂျယ်ဂျူးဆင်းမည့်သူတွေက
ဂျောင်ကုနဲ့ဟိုဆော့ရယ်သာ.....
မနက်ကျတခါတည်းသွားလို့ရအောင် ဟိုဆော့ကိုပါ ခုညကတည်းကဂျွန်အိမ်တော်မှာလာအိပ်ခိုင်းလိုက်သည်။ ဒါမှ အချိန်မပုတ်တော့မှာ..

"မောင်..လာကြည့်အုံး ဘာတွေလိုသေးလဲလို့.."

"ဟင်..ထယ်အဆင်ပြေသလိုထည့်ပေးလိုက်လေ
မောင်ကအိုခေတယ်" Laptopမှမျက်နှာမလွှဲဘဲပြန်ဖြေလာသူကြောင့် ထယ်​ယောင်းအနားသို့သွားလိုက်ပြီး

"မောင်...ထကြည့်အုံးလို့ဆိုနေမှပဲ "

"လာပြီ လာပြီ ထယ်ရေ.."ဟုဆိုကာ ဂျောင်ကု
Luggageရှိရာဆီသွားလိုက်သည်။
အမှန်တော့ တင်ဒါခေါ်ယူပွဲတစ်ရက်သာနေရမည်ဖြစ်ပေမဲ့ ဒီကသွားရင်က ပေါ့ပေါ့ပါးပါးပဲဝတ်သွားကြမှာဖြစ်ပြီး ဟိုရောက်မှ Jeon Group Hotel မှာ ခနနားပြီး Suitလဲမှာမို့်ခုလိုပြင်နေရခြင်း။

"ဘာမှမလိုတော့ပါဘူး ထယ်ရဲ့...
All perfect, Babe"

"တခုချင်းရွတ်ပြမယ် ဘာထပ်ယူအုံးမလဲ
တွေးကြည့်အုံး"ထယ်ယောင်း ထိုသို့ပြောတော့ခေါင်းငြှိမ့်ပြတဲ့မောင့်ကြောင့် ထယ်ယောင်း ဆက်ပြောလိုက်သည်။

"မှတ်ပုံတင်၊Suit၊Phone ၊ Power Bank ၊
wallet ပြီးတော့ဘာယူအုံးမှာလဲ
Laptopထည့်သွားအုံးမှာမလား အားသွင်းကြိုးတွေလဲထည့်လိုက်အုံး ။
လမ်းမှာအဆာပြေစာအတွက် ပေါင်မုန့်တို့ဘာတို့လဲယူသွားအုံး
ဟိုတယ်ရောက်မှ စားမယ်ဆိုလဲ သဘောပေါ့
ကော်ဖီရောဖျော်ထည့်ပေးရအုံးမလား ဟင်?"

''ရပြီ ဒါတွေပဲအဓိကလိုတာ ထယ်....
မုန့်တွေယူသွားမယ်လေ ဆာလာတဲ့အခါ စားလို့ရတာပေါ့ ကော်ဖီကတော့ထည့်တော့ဘူး။
အိုက်ဂူး...လာပါအုံး မောင့်မိန်းမလေးကိုဖက်ချင်လို့" ဂျောင်ကု ရင်ခွင်ဖွင့်ကာကြိုတော့
ထယ်ယောင်းလဲ အလိုက်သင့်လေးမောင့်ရင်ခွင်ဆီခိုလှုံလိုက်သည်။

"မောင်..နေ့ချင်းပြန်ပဲမလား"

"အင်း နေ့ချင်းပြန်ပဲလေ ဘာလို့လဲ ထယ်?"

Jeons' Home Sweet Home Where stories live. Discover now