Part 18

135 8 0
                                    

ဟိုဆော့ ဂျောင်ကုနဲ့ ဖုန်းပြောပြီးတာနဲ့ CCTVခန်းထဲဦးတည်လိုက်သည်။
ရုံးခန်းCCTV မှတ်တမ်းကိုပြန်ကြည့်ဖို့ပင်။
ဘယ်အချိန်ကောက်တပ်လိုက်မှန်း ဟိုဆော့မသိလိုက်ရ အရင်ကCCTVမှရုံးခန်းထဲမတပ်ထားဘဲလေ။

CCTVမှတ်တမ်းထဲက အဓိကအပိုင်းလောက်လေးကိုပဲ USB တစ်ခုထဲကူးယူလိုက်ပြီးရဲစခန်းသို့ဦးတည်လိုက်သည်။

ဂျောင်ကုဖုန်းချပြီး ဒီဘက်လှည့်လိုက်တော့ ထယ်က လက်ပိုက်ပြီး မျက်မှောင်ကြုံ့လို့ကြည့်နေသည်။
မျက်ခုံးတစ်ချက်ပင့်ပြပြီး မေးပါဆတ်ပြလာသည်။
သဘောက 'ဘာတွေဖြစ်နေတာလဲ'လို့မေးခြင်းပင်။

"HoSeok hyungဆက်တာပါ ထယ်ရဲ့...
အလုပ်အကြောင်းလေ
မာမီရော?"

"မာမီကအခန်းထဲဝင်နားနေပြီ မောင်ရဲ့
ကုမ္ပဏီပြန်တော့လေ မောင်"

"မသွားတော့ဘူးလေ ထယ်ရဲ့ ရုံးဆင်းချိန်တောင်နီးနေပြီကို..."

"အင်း အင်း သဘောလေ မောင်
်ထယ်အဝတ်အစားသွားလဲလိုက်အုံးမယ်
မောင်လိုက်မှာလား အပေါ်ကို"

"လိုက်မယ်လေ မောင်လဲရေချိုးချင်ပြီ"
ဂျောင်ကု ထယ်နဲ့အတူ အပေါ်ထပ်အိပ်ခန်းဆီတက်သွားလိုက်သည်။
........................................................................
"ဒီမှာ အဖေပြောတဲ့စာချုပ်" နာရာ အဖေ့ရှေ့ကိုစာချုပ်ဖိုင်ကိုတွန်းပို့လိုက်သည်။

CEOဟုန်း မိမိရှေ့ရောက်လာတဲ့ ဖိုင်အပြာကိုယူဖွင့်လိုက်ပြီး အထဲကစာချူပ်ကိုထုတ်ကြည့်လိုက်တော့ သူလိုချင်သည့်စာချုပ်ပင်။

"ဒီလိုကျတော့လဲ ဘယ်ဆိုးလို့လဲ ငါ့သမီးက
တော်သားပဲ"

"အဖေခိုင်းတဲ့အတိုင်းလုပ်ပေးပြီးပြီနော်
ဂျွန်နဲ့အမြန်ဆုံးနီးစပ်အောင်အဖေလုပ်ပေးတော့"

"အေးပါ အဖေသိပါတယ်
ဒါနဲ့ ဘယ်သူမှမရိပ်မိဘူးမလား "

"နာရာ စာချုပ်ကို ရုံးခန်းထဲလူမရှိမှ ဝင်ရှာတာ
ဲဂျွန်တို့က သူတို့ရုံးခန်းထဲပဲ CCTVမတပ်ဘဲထားထားတာ အဖေ..
ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ ပြောလေ"

"နာရာ ရုံးခန်းထဲကထွက်တော့ Jung HoSeokနဲ့တန်းတိုးတယ် အဖေ
သူ့ကိုယုံအောင်မနည်းပြောပြီး ထွက်လာရတာ"

Jeons' Home Sweet Home Where stories live. Discover now