Part 30

122 7 0
                                    

မနက်ရောက်တော့ မောင်က သူ့သမီးကိုခေါ်သွားမှာမို့ သမီးကိုပြင်ပေးဆင်ပေးပြီးမှ
ထယ်ယောင်းရေချိုးရသည်။
ပြီးတာနဲ့ မိသားစုသုံးယောက်အောက်ထပ်ဆင်းလာလိုက်သည်။
Sweetieကို သူ့ထမင်းစားခုံလေးနဲ့သပ်သပ်ထားပေးပြီး ထယ်ယောင်းက ကလေးဖြည့်စွက်စာအရင်ခွံ့ပေးနေလိုက်သည်။

"ပါပါးမီးလေးရေ အာ..."
သမီးကိုအစားမစားစားအောင်ခွံ့နေရသည်။
ဘာလို့ဆို Jeon Hyungတို့က အဆော့သာမက်နေသည်မို့ ဖြည့်စွက်စာခွံ့ချိန်ဆိုလဲ လက်ထဲက
ပိကျိပိကျိမြည်တဲ့ကြောင်ရုပ်လောက် အစားကိုအာရုံမလာတတ်သောကြောင့်။

"ထယ် မနက်စာစားတော့ မောင့်ကိုပေး
သမီးကိုမောင်ဆက်ခွံ့လိုက်မယ် "
ထယ်ယောင်း မောင့်ကိုခေါင်းငြှိမ့်ပြလိုက်ပြီး ပန်းကန်ကိုမောင့်လက်ထဲထည့်ပေးလိုက်သည်။

"ဒါဒါ့ကလေးလေးက လိမ္မာတယ် အာ..
ဝူး..ဝူးးး"ဂျောင်ကု ဇွန်းကို လေယာဥ်ပျံလိုလုပ်ပြပြီး ခွံ့တော့ သမီးက သဘောကျနေသည်ထင်
တခစ်ခစ်ရယ်သံလေးတွေပင်ထွက်လာသည်။

အကုန်လုံးစားသောက်ပြီးကြတော့ မောင်က သမီးကိုချီပြီး ထယ်ယောင်းကတော့ လိုတာတွေထည့်ပေးထားတဲ့ခြင်းကိုကိုင်ပြီး နောက်ကလိုက်သွားလိုက်သည်။

မောင်တို့ကားထဲဝင်ပြီးတော့မှ နောက်ခန်းထဲခြင်းတောင်းထည့်ပေးလိုက်ပြီး
"မောင်..diaper,နို့ဘူး,ဖြည့်စွက်စာဘူးရော,
အဝတ်အပိုတစ်စုံပါထည့်ပေးထားတယ်
သမီးကို ၁၀ နာရီခွဲလောက်နို့ဘူးတိုက်ပြီးသိပ်လိုက် မောင် "

"သိပါတယ် ထယ်ရယ်..သွားတော့မယ်
Hyungတို့်စောင့်နေပြီ"

"အင်း..အင်း sweetieလေးရေ တာ့တာ့"

"ပါပါးကို တာ့တာ့လုပ်ပြလိုက်လေ သမီး"
လမ်းထွက်ရပြီဆိုတော့ Jeon Hyungတို့် အဖေကိုပင် အဖတ်မလုပ်တော့ပါ။

မောင်တို့်သွားပြီးတာနဲ့ ထယ်ယောင်းလဲ JiMinတို့နဲ့အတူ ကော်ဖီဆိုင်သွားလိုက်ကြသည်။

JungKookတို့ ကုမ္ပဏီထဲဝင်လာတာနဲ့ ဝန်ထမ်းအားလုံးရဲ့မျက်လုံးတွေက JungKookဆီမှာ။
ကြည့်မှာပေါ့..ကလေးသိုင်းကြိုးလေးနဲ့ခေါ်လာတဲ့ Jeonပိစိကိုစိတ်ဝင်စားနေကြတာ။

Jeons' Home Sweet Home Where stories live. Discover now