Part 34

126 9 0
                                    

Jeon အိမ်တော်ရဲ့ ညစာစားဝိုင်းက အရင်ရက်တွေနဲ့မတူဘဲ တိတ်ဆိတ်လို့နေသည်။
NamJoonတို့တစ်တွေမှာလဲ ထမင်းစားရင်းနဲ့ အငယ်ဆုံးလင်လင်နှစ်ယောက်ကိုကြည့်နေကြသည်။
တစ်ယောက်နဲ့တစ်ယောက် ကုမ္ပဏီကပြန်လာကတည်းက စကားမပြောဘဲ အသံတိတ်စစ်ပွဲဆင်နွှဲနေကြတာ အခုညစာစားတဲ့အထိပင်။
NamJinနဲ့ YoonMinတို့ညီအစ်ကိုနှစ်ယောက်ကတော့ ဧည့်ခန်းကော်ဇောပေါ်မှာအကျအနထိုင်လို့ သူတို့ညီမလေးနဲ့ ဆော့ပေးနေကြသည်မို့ ထမင်းစားပွဲမှာ လူကြီးတွေချည်းသာ...

TaeHyungထမင်းစားနေရင်း မောင့်ကိုတစ်ချက်လှမ်းကြည့်မိတော့ မောင်ကသူ့ဘာသာသူ ထမင်းသာငုံ့စားနေသည်။
အရင်ဆို ဟင်းခပ်ထည့်ပေးလိုက် စကားလေးပြောလိုက်နဲ့ မောင်က အခုလိုငြိမ်နေတော့လဲ ထယ်ယောင်းမှာ မနေတတ်ပြန်။
အကြောင်းမှာတော့ သမီးနဲ့ပတ်သက်ပြီး ကားပေါ်မှာလဲအချေအတင်ပြောကြဆိုကြရင်းကနေ စကားများမိကြပြီး အခုလိုမခေါ်မပြောဖြစ်ကုန်ကြခြင်း။

ဒါပေမဲ့ သူ့(Tae)ဘက်ကတော့ စခေါ်မည်မဟုတ်။
မောင်တောင်မှ နေနိုင်သေးတာ သူ(Tae)က ဘာလို့ မနေနိုင်ရမှာလဲ?

လေထုထဲတင်းမာမှုတွေကြောင့် မနေနိုင်တော့တဲ့ SeokJinကပဲ စမေးလိုက်ရသည်။

"ကဲ..အငယ်နှစ်ကောင်ဘာဖြစ်နေကြတာလဲ
ရန်ဖြစ်ထားကြတာလား ''

"မဟုတ်ပါဘူး.."JK&Tae

"အဲ့ဒါဆို ဘာလို့်မပြောနိုင်မဆိုနိုင်တွေဖြစ်နေတာလဲ ပြောကြစမ်းပါအုံး"SeokJin မေးလိုက်သော်ငြား ကာယကံရှင်နှစ်ယောက်မှာ အသံပင်ထွက်မလာ။

"ဟဲ့..ပြောကြလေ ဘာဖြစ်ထားလို့လဲလို့..."
နောက်တစ်ကြိမ်ထပ်မေးလိုက်သည့်တိုင် နှစ်ကောင်လုံး တေမိလုပ်နေကြသေးသည်မို့

"JungKookပြော.. နှစ်ယောက်သားရန်ဖြစ်ထားတာလား"

"အဲ့လိုလဲမဟုတ်ပါဘူး Jin hyung ''

"ဒါဆို အခုကဘာဖြစ်နေကြတာလဲ  ဘာလဲ
ဝစီပိတ်ကျင့်နေကြတာလား ဟမ်"

"ထယ်ပြောပြမယ် Hyung..''

"အေး..ပြော ထယ်လေး"

"ဒီလို.."ဟုအစချီကာ ကုမ္ပဏီမှာဖြစ်ခဲ့တာကအစပြုလို့ နောက်ဆုံးအချေအတင်ဖြစ်ခဲ့တာအထိပါ TaeHyungပြောပြလိုက်ပြီး

Jeons' Home Sweet Home Where stories live. Discover now