Extra 3

110 7 0
                                    

Jeon Hyung အမြွှာတွေစောင့်နေတဲ့နေရာဆီပြန်ရောက်တော့ Reoကိုသာတွေ့ရသည်။

''Leoရော??''

''ကန်တင်းကြိုသွားနှင့်ပြီ နေ့လည်စာကြိုယူထားပေးလို့ရအောင်လေ"

''သြော်..အင်း အာ့ဆိုငါတို့လဲသွားရအောင်"

''အွန်း" နှစ်ယောက်လုံး ကန်တင်းဆီဦးတည်လာလိုက်ကြသည်။
ကန်တင်းရောက်တော့ Leoကိုအရင်ရှာရပြန်သည်။

"ဟေ့..ဒီမှာ ယောင်းလေး "
Leoလက်လှမ်းပြတာကိုမမြင်ဘဲ လျှောက်ရှာနေသေးတဲ့ ယောင်းကို Reo လက်ဆွဲပြီးသာ ခေါ်သွားလိုက်ရသည်။

စားပွဲဝိုင်းဆီရောက်သည်အထိ လက်တွဲထားဆဲဖြစ်တာမို့ Leoက မကျေမနပ်ရုပ်ဖြင့် နှာတစ်ချက်မှုတ်သည်။

"ယောင်းလေး ဒီမှာ ထမင်းမစားချင်ဘူးဆိုလို့
Banana milkနဲ့ နင်ကြိုက်တဲ့ coffee Bread "

"အင်း ကျေးဇူး Leo''

"My pleasure,baby"

''ငါ့ဟာရော,.Leo??'' စားပွဲပေါ်မှာရှိနေတဲ့ ထမင်းဗန်းက တစ်ချပ်တည်းမို့ Reoမေးလိုက်ခြင်း။

"မယူထားဘူး "

''ဘာ!!!"Reoရဲ့ hight noteကြောင့် ဘေးမှာ
Banana milkသောက်နေတဲ့ Jeon Hyungမှာ
လန့်ပြီး သီးကုန်တော့သည်။

"အဟွတ်..အဟွတ်.. အဟွတ်.. ''

''ရလား sweetie..ရော့ ရော့ ရေသောက်လိုက်"
Sweetieလဲ Leoကမ်းပေးတဲ့ ရေဘူးကိုအမြန်
ဖွင့်သောက်လိုက်ပြီးမှ စကားပြောနိင်သည်။

"လန့်သွားတာပဲ Reoရာ ဖြေးဖြေးပြောလို့်ဖြစ်တာကို "

"ယောင်းယောင်းကလဲ.. ဒီကောင်ကငါ့အတွက်ပါနေ့လည်စာယူထားပေးမလိုလိုနဲ့ပြောသွားပြီး
ခုကျ... ဟူး''ပြောရင်းနဲ့ ထွက်နေတဲ့ဒေါသတွေကို Reoလျှော့ချနေရသည်။

''သူမယူပေးထားဘူးမလား ရော့ ငါ့ပေါင်မုန့်တစ်ဝက်ယူစားလိုက် အင့်"

"မဟုတ်တာ..နေပါစေ ကိုယ်တစ်ခုခုသွားဝယ်
လိုက်ပါ့မယ် ယောင်းပဲစား"

''ငါမှမကုန်နိုင်တာ ပြီးတော့ဗိုက်လဲသိပ်မဆာလို့
ငါနဲ့တစ်ဝက်ခွဲစားတော့ ပိုက်ဆံမကုန်တော့ဘူးပေါ့"

Jeons' Home Sweet Home Where stories live. Discover now