Part 17

140 8 0
                                    

ထိုအရာကား....
"မာမီ!!!"-JK&Tae
ဧည့်ခန်းရှိဆိုဖာတွင် အကျအနထိုင်ကာ သစ်သီးတွေစားနေတဲ့ မာမီ့ကိုတွေ့လိုက်ရခြင်းပင်။

''Oh,မာမီ့ကလေးတွေ ဆေးရုံသွားကြတယ်ဆို
ပြန်လာပြီလား?''

ထယ်ယောင်းတို့မာမီထိုင်နေတဲ့ဆီသွားလိုက်ပြီးထယ်ယောင်းကတော့ မာမီ့လက်မောင်းကိုဖက်လို့ ပါးဖြင့်ပွတ်သပ်ကာချွဲနေပြီး ပါးစပ်ကလဲ
"မာမီသိလား...မာမီ့ကိုထယ်ကလွမ်းနေတာ"

"ဟုတ်ပါပြီရှင်...မာမီလဲ မာမီ့သမက်အငယ်ဆုံးလေးကိုလွမ်းနေတာပါရှင်။"

"မာမီဘယ်တုန်းကရောက်တာလဲ သားတို့ကိုကြိုပြောတာမဟုတ်ဘူးဗျာ..
Hyung တို့ရောသိလား မာမီလာမှာကို"ဂျောင်ကုပြောမိတော့

"သြော်..Supriseလေ Supriseလုပ်ချင်လို့်မပြောတာ
မင်းအစ်ကိုတွေလဲမသိဘူး တစ်ယောက်မှ
အဲ့ဒါတွေအသာထားစမ်းပါ
ခု ထယ်လေးက တကယ်ပဲ ကလေးရှိနေပြီလား"

"ဟုတ်တယ်..မာမီ ၁ပတ်တဲ့.."

"အေးပါ.. သား ထယ်လေး ဘာစားချင်လဲ
မာမီ့ကိုပြော မာမီချက်ကျွေးမယ် "

"ဟုတ် မာမီ ထယ်လောလောဆယ်စားချင်တာတော့မရှိသေးဘူး နောက်မှပြောမယ်လေ"

မာမီက ထယ်ယောင်းကို ခေါင်းပွတ်ပေးရင်း ပြုံးနေသည်။
ဂျောင်ကု မာမီ့ကိုသာတွေ့ပြီး ဒယ်ဒီ့ကိုမမြင်တာကြောင့်

"မာမီ.. ဒယ်ဒီရော?''

''မပါဘူးလေ မာမီတစ်ယောက်တည်းလာတာ
မင်းဒယ်ဒီကအလုပ်တွေပစ်ခဲ့လို့မရလို့တဲ့
ထယ်လေးမွေးခါနီးလောက်ကျ အလုပ်တွေဖြတ်ပြီး သူ့မြေးကိုလာချီမယ်တဲ့လေ။"
ဂျောင်ကု မာမီ့အပြောကိုခေါင်းသာငြှိမ့်လိုက်သည်။
........................................................................
ဟုန်းနာရာတစ်ယောက် ဂျွန့်ရုံးခန်းထဲ ဝင်မွှေနေသည်။
ဘာလို့ဆို အဖေဖြစ်သူခိုင်းထားတဲ့ကိစ္စကြောင့်လူလစ်တုန်း ဂျယ်ဂျုးမြေကွက်စာချုပ်ကိုလာရှာနေရခြင်းဖြစ်သည်။

"ကျစ်!..မနက်က ဂျွန်ကိုင်ထားတဲ့ ဖိုင်အပြာကဘယ်ရောက်နေတာပါလိမ့်။"

'ရှာဖွေလေ တွေ့ရှိလေ 'မဟုတ်ဘဲ 'ရှာဖွေလေ ပျောက်ဆုံးလေ'ဖြစ်နေတာမို့ ဟုန်းနာရာစိတ်ညစ်လာရသည်။
မရှာလို့တော့မဖြစ် ဒီစာချုပ်ကိုသာ အဖေ့လက်ထဲ ထည့်ပေးနိုင်လိုက်တာနဲ့ အဖေက သူမနဲ့ဂျွန့်ကိုနီးစပ်ဖို့ကူညီပေးမယ်ဆိုတာကြောင့်ပင်။

Jeons' Home Sweet Home Where stories live. Discover now