Part 5

142 10 0
                                    

မနက်၄နာရီလောက်ကတည်းက လင်းထိန်နေတဲ့
Jeon အိမ်တော်ကြီး.....
အိမ်သားအားလုံးနိုးနေကြပေမဲ့ ခြွင်းချက်ကတော့ အိမ်တော်ရဲ့ သခင်အငယ်ဆုံးလေးနှစ်ယောက်ကသာ အိပ်မောကျနေသည်။

ဂျောင်ကုနဲ့ဟိုဆော့တို့ ဂျယ်ဂျူးသွားဖို့အရေး
တစ်အိမ်လုံးထပြီးပြင်ပေးနေကြခြင်းပင်။
အမှန်မှာ မလိုအပ်သော်လည်း NamJoonတို့နဲ့
အလုပ်ကိစ္စတိုင်ပင်ရင်း SeokJinတို့ကမနက်စာစားသွားနိုင်ရန်ထ၍ပြင်ဆင်ပေးကြခြင်း။

"Hoseok..ခုမြေကွက်တင်ဒါပွဲမှာ CEOဟုန်းပါ ပါမယ်လို့ကြားတယ် ဟုတ်လား?"

''ေအး ငါလဲအဲ့လိုကြားတယ် NamJoon...
ဘာလို့မေးတာလဲ? Any Problem??"

"ဒီတိုင်းမေးကြည့်တာပါ အဲ့မြေကွက်ကိုရဖို့
အပြိုင်အဆိုင်တွေများသား ဟူး..."

"Joon hyungလက်ထဲ အဲ့မြေကွက်ရောက်လာရင် ရပြီမလား "ဂျောင်ကု မျက်ခုံးတစ်ချက်ပင့်ပြရင်း မေးလိုက်သည်။

"ယုံပါတယ် ငါ့ညီနဲ့ ငါ့သူငယ်ချင်းကို....
ဒါပေမဲ့ ခက်မှာတော့သေချာသလောက်ပဲ
ဘာလို့အဲ့မြေနေရာကိုအပြိုင်လုနေကြတာလဲပဲသိချင်တာ"

"ဒီလို.. အဲ့မြေနေရာက ဟိုတယ်ဆောက်မလား
ကုမ္ပဏီထောင်မလား Mallဆောက်မလား
အကုန်အဆင်​ပြေနိုင်လောက်အောင်ကို အချက်အချာကျနေတာ
ဒါကြောင့်လဲ လက်ဦးမှုရဖို့်လိုတာ NamJoon.."

"JungKook..မင်းဘတ်ဂျက်ဘယ်လောက်ထိမှန်းထားလဲ Limit?"

"No Limit... YoonGi Hyung
ဘာလို့ဆို အဲ့လိုအဖိုးတန်တဲ့မြေကိုရဖို့က Limit ထားနေလို့မရဘူးလေ။
ပေးနိုင်သလောက်ဆိုတာထက် ဘယ်သူမှမမှိီမဲ့စျေးကိုပေးမှ လက်ထဲရောက်လာမှာ"

''အင်းလေ သဘောပေါ့...
ရမယ်ဆိုတာတော့ ယုံပြီးသားပါ "

"ကဲ..ညီအစ်ကိုတွေ နောက်မှလေပေါကြ..
ခုတော့ ခရီးထွက်ရမဲ့နှစ်ကောင်က အဆာပြေ
လာစားတော့" SeokJin ကမီးဖိုခန်းမှထွက်လာပြီး လာခေါ်မှ ထမင်းစားခန်းဆီလိုက်လာကြသည်။

စားစရာရှိတာစားပြီးတာနဲ့ ဂျောင်ကုတို့ ခရီးစထွက်ဖို့ ကားသော့ဆွဲကာ ထည့်စရာအထုပ်တွေထည့်လို့ ကားဆီထွက်လာကြသည်။

Jeons' Home Sweet Home Where stories live. Discover now