Part 20

137 9 0
                                    

တဖြည်းဖြည်းနဲ့ ရက်ကိုလစားလာလိုက်တာ
ထယ်ယောင်းကိုယ်ဝန် ၅ လပင်ရှိနေချေပြီ။
ကြားကာလမှာ ကိုယ်ဝန်ဆောင်တွေရဲ့ထုံးစံအတိုင်း mood swingတွေခနခနဖြစ်ပြီး
ဂျောင်ကုအပေါ်ကို ရစ်လိုက် ဂျစ်လိုက်နဲ့ အစားအသောက်အကြိုက်တွေပါပြောင်းကုန်သည်။

ဒီအတောအတွင်း ဟုန်းနာရာတို့သားအဖကိုလဲ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ထောင်ဒဏ်ချမှတ်နိုင်ခဲ့သေးသည်။
သက်သေတွေကလဲ ငြင်းမရအောင် ခိုင်လုံနေတာမို့ ပြေးလို့မလွတ်နိုင်ခဲ့ကြခြင်း။

"မောင်..မောင်ရေ မပြီးသေးဘူးလားလို့
shoppingလေးတစ်ခေါက်လိုက်ပို့ခိုင်းမိပါတယ်ပြင်လို့ကိုမပြီးနိုင်ဘူး ပဲကိုများတယ်"

ထယ်ယောင်း Shoppingထွက်ချင်ပါတယ်ဆိုတော့ မောင်ကလိုက်မပို့တာမဟုတ် လိုက်ပို့ရှာပါတယ်။
ဒါပေမဲ့ သွားဖို့အရေးကို ထယ်ယောင်းပင် အဲ့လောက်ကြာကြာ အဝတ်မရွေးတာကို မောင်က
တစ်စုံပြီးတစ်စုံရွေးနေတာမပြီးနိုင်မစီးနိုင်။
စိတ်မရှည်တာနဲ့ အောက်မှာ ကြိုပြီးဆင်းစောင့်နှင့်နေတာ ၄၅မိနစ်ပင်ရှိပြီ ခုထိဆင်းမလာသေးတာမို့ ခုလိုအော်ပြောနေရခြင်း။

"လာပါပြီ...ထယ်ရယ် ပြီးပါပြီကွာ''

"ပြီးအုံးမှပဲ..ဟွန့်"

"မောင့်ဗိုက်ဗိုက်က စိတ်ကြီးလိုက်တာဗျာ...
ကိုယ်ဝန်ဆောင်တုန်း ဒေါသကြီးရင် မွေးလာတဲ့ကလေး ရုပ်ဆိုးတတ်တယ်တဲ့"

''တော်စမ်းပါ..လာ သွားမယ်"ဟုဆိုကာ ရှေ့ကနေ ထွက်သွားတဲ့ ထယ့်ကိုကြည့်ပြီး ဂျောင်ကု ခေါင်းခါလျက်ပြုံးမိသည်။
၅လရှိနေပြီဆိုတော့ ဗိုက်လေးကခပ်စူစူနဲ့ရယ်။
ချစ်ဖို့ကောင်းနေရော...

Mallရောက်ပြန်တော့လဲ ဂျောင်ကုကို မစောင့်ဘဲ သွားပြန်တာမို့ ကားကို parkingအမြန်ထိုးပြီး ပြေးလိုက်ရပြန်သည်။
တကယ်ပါ ဒီတလော ကိုယ်ရွှေဗိုက်တို့စိတ်က လက်တစ်ဆစ်ရယ်ပါ။

ဂျောင်ကုက တွန်းလှည်းလေးတွန်းလို့
ထယ်ယောင်းက ဘေးကနေ ခါးကနေဗိုက်လေးကိုထိန်းကိုင်လို့ လိုချင်တာတွေရွေးနေသည်။

''အဲ..မောင်!.." ထယ်ယောင်း ဂျောင်ကုဘက်ကိုလှည့်ကြည့်ပြီးခေါ်လိုက်သည်။

Jeons' Home Sweet Home Where stories live. Discover now