Time Skip
၃ လေကျာ်ြကာသော်...(ကျော်တာခွတာ ဝါသနာမို့)
(မ ခန့် တော့ဘူး ကျော်လိုက်တော့မယ်နော်
အချိန်ကိုပြောတာ)ညနေဘက်မိသားစု စုံစုံလင်လင်ဖြင့် ထမင်းလက်စုံ စားကြပြီး ဧည့်ခန်းထဲ၌လူစုလိုက်ကြသည်။
မြေးအငယ်ဆုံးလေးမို့ သည်းနေသည့် ဂျွန်ဒယ်ဒီက Ultrasoundရိုက်ပြီးသည့်နောက်နေ့ တကယ်ကြီး ရောက်ချလာသည်မို့ အိမ်မှာမိသားစုပိုလို့ပင်စုံသွားသယောင်။
အရင်လို TVစုကြည့်ကြတာမဟုတ်ဘဲ စကားဝိုင်းဖွဲ့ပြောကြခြင်း။
အကြောင်းမှာ ထယ်ယောင်းကိုယ်ဝန် ၉လကြောျဖွဈလာပွီဖွဈပွီး မွေးမယ့်ရက်ကတစ်ပတ်လောက်သာလိုတော့သည်မို့ ခုကတည်းကဘာတွေကြိုပြင်ရမလဲ ဘာတွေလုပ်ထားရမလဲတိုင်ပင်နေကြခြင်းပင်။"သားတို့ ဆေးရုံကြိုတက်နှင့်ကြပါလား "မာမီကဆိုလေတော့ ဂျောင်ကုက ထယ့်ဗိုက်လေးပေါ်လက်လေးတင်ထားရင်းနဲ့မှ
"မတက်ဘူး မာမီ.. ထယ်ကဆေးရုံအနံ့တွေကြိုက်တာမဟုတ်ဘူး။
ဒီတိုင်းအိမ်မှာနေရင်း ဗိုက်နာလာမှပဲ ဆေးရုံပို့လိုက်မယ်
လိုတာတွေကိုလဲ ကားနောက်ဖုံးထဲအမြဲထည့်ပြီးဆောင်ထားပြီးသား အရေးအကြောင်းဆို ကြောင်ပြီး ဘာမှမလုပ်တတ်ဘဲဖြစ်မှာစိုးလို့"မာမီက ခေါင်းလေးငြှိမ့်လို့ထောက်ခံပြီး
JiMin က ဝင်ပြောလာသည်။"ထယ်ထယ်.. မင်းတော့မသိဘူး ငါတော့ရင်တွေတုန်နေတယ်"
"ဘာလို့တုန်း? mochiရ"
"sweetieလေး လူ့လောကထဲရောက်လာတော့မှာလေကွာ..."
''ဟဟ..အေးပါကွာ..အ့!"
""ထယ်ထယ်.. ဘာဖြစ်တာလဲ?"ဂျီမင်းမေးမိတော့ ထယ်ယောင်းကနာသွားတာမို့ မျက်မှောင်ကျုံ့နေပြီး ဗိုက်ပေါ်လက်တင်ထားတဲ့ဂျောင်ကုကသာပြန်ဖြေလာသည်။
"အထဲမှာ မင်းသမီးလေးကဆော့နေတာနေမယ်
တစ်ချက်ကန်လိုက်တာ...
ရရဲ့လား..ထယ် ""ရတယ်...မောင် "ထယ်ယောင်းမောင့်ကိုထိုသို့ပြောလိုက်ပေမဲ့ စိတ်ထဲတော့ စနိုးစနှောင့်ဖြစ်နေရသည်။
လူကဒီနေ့နေ့လညျကတညျးက နေရတာ သရိုးသရီဖြစ်နေပြီးဗိုက်ကလဲတစ်ချက်တစ်ချက်နာသလိုလို...
အထဲကသမီးလေးကန်လို့နာနေသည်ဟုပင်ထင်တာမို့ ဘာမှမပြောခြင်း။
YOU ARE READING
Jeons' Home Sweet Home
FanfictionJust My Imagination. So,don't blame my idols Burmese language(Not English)