Part 24

122 8 0
                                    

TaeHyungတို့တွေ ညနေမိသားစုအားလုံးစုံနေတဲ့အချိန်မှာ Ultrasoundပုံလေးနဲ့အတူ သမီးလေးဖြစ်ကြောင်းပြောတော့ အကုန်လုံးပျော်သွားကြသည်။
မာမီဆို သိသိချင်း ဒယ်ဒီ့ဆီဖုန်းလှမ်းဆက်ပြီး
အငယ်ဆုံးလေးက မြေးမလေးလို့လှမ်းပြောတော့ အပျော်လွန်ပြီး နောက်ရက် ရတဲ့ Flightနဲ့ဆင်းလာမယ်တွေဖြစ်ကုန်ရော။

ဒီနေ့ညနေကတော့ အပျော်တွေချည်းစုနေသည်ဆိုရပေမည်။
ဘာလို့လဲဆိုတော့ NamJinလေးက စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရခဲ့သလို YoonMinလေးကလဲ အငယ်တန်းအားကစားပြိုင်ပွဲမှာ ပထမဆုရခဲ့ကြလို့ပင်ဖြစ်သည်။

ဒီကလေးလေးကတော့ မမွေးလာခင်ကတည်းက အားလုံးရဲ့လာဘ်ကောင်လေးဖြစ်နေပြီး သည်းသည်းလှုပ်ချစ်ခြင်းကိုပါရထားသေးသည်။

"ဒါနဲ့ ကလေးကို နာမည်ဘယ်လိုပေးကြမလဲ"
မာမီကမေးတော့ ဂျောင်ကုက

"သားကတော့ Jeon Hyungလို့ပေးချင်တယ်။
မျိုးရိုးက Jeon ထယ့်နာမည်က Hyung"

"မဆိုးပါဘူး လှသားပဲ" မာမီကခေါင်းတငြှိမ့်ငြှိမ့်ဖြင့်ပြောသည်။
ကျန်တဲ့လူတွေကလဲ အဆင်ပြေကြောင်းပြောသည်။
JiMin ကတစ်ခုခုကိုသတိရသွားဟန်ဖြင့် ထပြောလာသည်။

"အိမ်နာမည်ရော ပေးအုံးမှာလား?
ငါတို့သားတွေတုန်းကတော့ မပေးမိဘူးရယ်"

"ပေးကြမလား အငယ်ဆုံးလေးဆိုတော့လေ"
Jin Hyung ကပါ ဝင်ပြောလာတော့ ပိစိလေးအတွက် အိမ်နာမည်စဥ်းစားလိုက်ကြသည်။

''sweetie..ဆိုရင်ရော "ထယ်ယောင်းပြောလိုက်တော့ JungKookက

"ခေါ်လို့ကောင်းသားပဲ ချစ်လဲချစ်စရာလေး"
ပွောပွိီး ထယ်ယောင်းရဲ့ T-shirtကိုမလိုက်ပြီးဗိုက်လေးအနားကပ်ကာ
"Daddyရဲ့ sweetie လေးရေ...Daddyတို့ရဲ့ မင်းသမီးလေးရေ... "ဟုခေါ်တော့

"အာ့!!" ထယ်ယောင်းဗိုက်ထဲက တစ်ချက်လှုပ်သွားတာမို့ အော်မိသွားရသည်။

ဒါကိုဗိုက်ပေါ်လက်တင်ထားတဲ့ ဂျောင်ကုကလဲသိလိုက်တာမို့
"အိုက်ဂူး..Daddy သမီးလေးက Daddyကိုနှုတ်ဆက်တာလား ဟုတ်လား ဟင်?"

ဘေးမှာထိုင်နေကြတဲ့ သူတွေအကုန်လုံးကလဲ သူတို့နှစ်ယောက်ကိုပြုံးပြီးကြည့်နေကြသည်။
ဂျီမင်းကတော့ ထယ်ယောင်းဘေးပြေးလာကာ
ဗိုက်ပေါ်တင်ထားတဲ့ဂျောင်ကုလက်ကိုဖယ်ချပြီး သူ့လက်ကိုတင်ကာ
" Sweetieလေးရေ...ပါပါးမင်တို့ကလေးလေးက ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာပေးနော်"

Jeons' Home Sweet Home Where stories live. Discover now