Part 10

154 10 0
                                    

JiMinဝယ်စရာရှိတာတွေဝယ်လာပြီး ပြန်ရောက်တော့ NamJoon hyungနဲ့ ကိုကိုတောင်ပြန်ရောက်နေလေပြီ။

"Hyungတို့တောင်ပြန်ရောက်နေပြီပဲ။ "

"အေး..Jiminie မင်းကရော''

"ဒီမှာလေ..JungKookတို့စားဖို့အတွက်သွားဝယ်တာ အဆာပြေမုန့်လောက်ပေါ့ဗျာ..
ဒါနဲ့ စခန်းလိုက်သွားတာရော အခြေအနေ.."

"ကိုကိုတို့ကိုပြောပြလိုက်တာက ဘရိတ်ကြိုးကအဖြတ်ခံထားရတာတဲ့..မင်လေးရဲ့
တမင်ကြံစည်မှုပေါ့ကွာ.." YoonGiထိုသို့ပြောပြလိုက်တော့ JungKookက

"ဟုတ်မယ် Hyung..ဘာလို့ဆို ကျွန်တော်တို့
တင်ဒါပွဲကိုသွားတုန်းကတောင် ကားကအကောင်းကြီး..ပြန်တော့မှ ဘရိတ်ကနင်းမရတော့တာ။
ပွဲချိန်လေး ၂နာရီလောက်လေးတင်ကိုဖြစ်သွားတာ"

''ဒါတွေခနထားလိုက်ပါ.. အင့်..မုန့်လေးဘာလေးစားလိုက်ပါအုံး JungKookရော HoSeok Hyung ရော
ကိုကိုတို့ Joon Hyung တို့အတွက်လဲပါတယ်
ထယ်ထယ်..ရော့ မင်းအတွက် စတော်ဘယ်ရိီနို့လေးရယ် နို့ပေါင်မုန့်လေးရယ်ယူလာတယ်။
မင်းထမင်းတောင်သေချာစားမလာခဲ့ရဘူးမလား။"

''အင်း..မိုချီ ကျေးဇူးပဲ "ထယ်ယောင်းပြောရင်းဂျီမင်းဆီမှ မုန့်တွေလှမ်းယူလိုက်ပေမဲ့ လက်ထဲရောက်လာတဲ့ စတော်ဘယ်ရီနို့သောက်ချင်စိတ်ရှိမနေပြန်။
'အရင်က ငါအရမ်းကြိုက်ခဲ့တာကို...'

TaeHyungငြိမ်နေတာကို JiMinကသတိထားမိတာမို့

''ထယ်ထယ်.. ဘာဖြစ်လို့လဲ ဟင်??
နေမကောင်းဘူးလား ခေါင်းပြန်မူးလာလို့လား"
JiMinဆီကအမေးကြောင့် ကျန်တဲ့သူတွေကပါ
ထယ်ယောင်းဆိီအာရုံစိုက်လာကြသည်။

''ငါဘာမှမဖြစ်ပါဘူး မိုချီရ ဒီတိုင်း...."

"ဘာလို့လဲ ထယ်ထယ်.. ငါဝယ်လာပေးတာတွေမကြိုက်လို့လား "

''ငါ banana milkသောက်ချင်တယ်.. မိုချီ
စတော်ဘယ်ရီမသောက်ချင်လို့.."

''အဲ..ငါကbanana milkကို ဂျောင်ကုအတွက်ပဲဝယ်လာမိတာ.."

"ရပါတယ်..JiMin hyungရဲ့ ထယ့်ကိုပေးလိုက်ပါ..ပေး ထယ့်ဆီကနို့ဘူး
မောင့် Banana milkပဲသောက်လိုက်"

"ဟီး..ဟီး..ကျေးဇူး မောင်"ဟုဆိုကာ ထယ်ယောင်း မောင့်ကိုလက်ထဲကနို့ဘူးပေးလိုက်ပြီး
ဂျီမင်းဆီမှ Banana Milkဘူးကိုယူလိုက်သည်။

Jeons' Home Sweet Home Where stories live. Discover now