Extra 2

104 7 0
                                    

မနက်ခင်းအတန်းချိန်တွေသင်ပြီးတော့ နေ့လည်ထမင်းစားနားချိန်ရောက်လာသည်။
ကျောင်းသားအားလုံး အလျှိုလျှို ကန်တင်းဆီအပြေးသွားကြသော်လည်း Jeon Hyungတို့သုံးယောက်ကတော့ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်လို့ စတိုင်လ်အပြည့်ဖြင့်သာ အေးဆေးအခန်းထဲကနေထွက်လာကြသည်။

ကန်တင်းဆီသွားနေကြရင်းနဲ့မှ Jeon Hyung က
''Hey guys, ငါ သန့်စင်ခန်း ခန"

''Ok,ယောင်းလေး ငါတို့ဒီမှာပဲစောင့်နေမယ် "

Jeon hyung ခေါင်းငြှိမ့်ပြလိုက်ပြီး ချက်ချင်း
သန့်စင်ခန်းဘက်ထွက်လာလိုက်သည်။
ကိစ္စဝိစ္စပြီးလို့ အပြင်ပြန်ထွက်မယ်ကြံတော့
ဆူဆူညံညံအသံတွေနဲ့အတူ အုပ်စုလိုက်ဝင်လာသလိုခြေသံတွေကြားရတာမို့ အထဲမှာခနငြိမ်နေလိုက်သည်။

"ဟ..ဟ..ကြည့်စမ်းပါအုံး သူငယ်ချင်းတို့ရေ
ငါတို့ကျောင်းကို scholarနဲ့ပြောင်းလာရတဲ့
သနားစရာ သူဆင်းရဲမလေးပါလား ဟင်?''

Chaewon ကိုယ့်ဘာသာသန့်စင်ခန်းသုံးပြီသထွက်လာကာ လက်ဆေးနေတုန်း သန့်စင်ခန်းထဲဝင်လာကြပြီး အခုလိုတွေလာပြောနေတဲ့သူက
ဒီကျောင်းရဲ့ အလှပဂေး သူဌေးသမီးတွေအုပ်စု
အဲ့အုပ်စုကို ဦးဆောင်တာက Han SoHee..

အရှည်ရှည်တွေမဖြစ်ချင်တာမို့ ဘာမှပြန်မပြောဘဲရှောင်ထွက်ဖို့ပဲ ကြိုးစားလိုက်တယ်။
တခုခုတုံံ့ပြန်မိလိုက်ပြန်ရင်လဲ Chaewon ပဲ
ဒုက္ခရောက်ရမှာ သူတို့က ပိုက်ဆံရှိသားသမီးတွေမလား...

"အိုးဟိုး..ဒါကဘယ်ကိုတုန်း scholarလေးရဲ့
လာစမ်းပါအုံး "

"အာ့!!" Chaewon သူတို့အုပ်စုကိုကျော်ပြီး သန့်စင်ခန်းအထွက်တံခါးဆီသွားဖို့ပြင်တုန်း အနောက်ကနေ ဆံပင်ဆောင့်ဆွဲလိုက်တာမို့ လူကနာကျင်သွားရပြီး မျက်ရည်ပင်ဝဲလာရသည်။

Han SoHeeကဆံပင်ကိုဆွဲထားတာဖြစ်ပြီး သူ့​အပေါင်းအပါတစ်သိုက်ကတော့ ဘေးကနေ ကျေနပ်ပြုံးကြီးတွေနဲ့ လူကိုလှောင်သလိုလိုပြုံးကြည့်နေကြသည်။

ထိုစဥ်
''ဝိုး..ဝိုး.. ဝိုး... ပွဲလေးကလှသားပဲ''ဆိုကာ သန့်စင်ခန်း တစ်ခုဆီမှ လက်ခုပ်တီးရင်း ထွက်လာလေတဲ့ လူတစ်ယောက် အတိအကျဆိုရင်တော့မိန်းမငယ်တစ်ယောက်...

Jeons' Home Sweet Home Where stories live. Discover now