Extra Final

164 10 0
                                    

Kim Chaewonမှာ သန့်စင်ခန်းမှစာသင်ခန်းဆီအမြန်ပြေးလာမိပြီးမှ မိမိနေရာတွင်ထိုင်ကာအမောဖြေနေရသည်။
'ဟူး..တော်ပါသေးရဲ့ မမလေးJeon Hyung
ကူညီလို့သာပေါ့'ဟုလဲ တစ်ကိုယ်တည်းရေရွတ်လိုက်သေးသည်။

ဟုတ်ပါသည်.. မမလေးJeon Hyungပါ
ဘာလို့ အဲ့လိုခေါ်ရတာလဲဆိုတော့ သူမဟာ
Jeonအိမ်တော်ရဲ့ အိမ်တော်ထိန်းလီနဲ့ဆွေမျိုးမကင်းသူဖြစ်ပြီး အထက်တန်းနောက်ဆုံးနှစ်မတက်ရသေးခင် နွေကျောင်းပိတ်ထားတုန်းမှာပင် မိဘစီးပွားရေးမကောင်းတာမို့် ကျောင်းနားရလုဆဲဆဲတွင် အဘွားလေးတစ်ဖြစ်လဲ အိမ်တော်ထိန်းလီက သူမကိုခေါ်ယူကာ Jeonအိမ်တော်၌နေခွင့်တောင်းပေးခဲ့သည့်အပြင် အထက်တန်းနောက်ဆုံးနှစ်ကိုလဲ
Jeon groupပိုင်ကျောင်းမှာ scholarကျောင်းသူအနေဖြင့် တက်ရောက်ခွင့်ကိုပါတောင်းဆိုပေးခဲ့သည်။

သခင်ကြီး Jeon JungKookတို့ညီအစ်ကိုတွေကလဲသဘောကောင်းစွာ လက်ခံပေးခဲ့ကြသည်။
Chaewon Jeonအိမ်တော်ကိုရောက်တဲ့နေ့မှာ
မမလေး Jeon Hyungမှအပ အိမ်သားအားလုံးနဲ့စတင်မိတ်ဆက်ခဲ့သည်။
ထိုနေ့က မမလေးမှာ သူ(မ)သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အကိုလေးReo၊အကိုလေးLeoတို့နဲ့အတူ အပြင်လျှောက်လည်နေတာမို့ဖြစ်သည်။
ညမိုးချုပ်မှ ပြန်ရောက်လာသည်မို့ မမလေးပြန်ရောက်ချိန်တွင် Chaewon မှာခရီးပန်းပြီးအိပ်မောကျနေချိန်မို့ မတွေ့ရ။

မနက်စာစုံညီစားသည့်အချိန်မှ မမလေးက အိမ်တော်ထိန်းလီဘေးနားရပ်နေတဲ့chaewonကို သတိထားမိသွားသည်။
ထိုအခါမှ Jeon Hyungက

"ပါး.."

''ဟေ..sweetieလေး ပြောလေ သမီး"

"အိမ်အတွက်လူသစ်တွေထပ်ခေါ်ထားသေးတာလား ''

''ဟမ်..မခေါ်ထားပါဘူး သမီးရဲ့ "

"အဲ့ဒါဆို သူက" Jeon hyung အိမ်တော်ထိန်းလီဘေးကတစ်ယောက်ကိုမေးဆတ်ပြလိုက်တော့ပါပါးကလှမ်းကြည့်ပြီး

"သြော်..သူလား သူကအိမ်တော်ထိန်းလီရဲ့မြေးလေးလေ ပါးတို့ဆီမှာခနလာနေတာ ပြီးတော့
ပါးတို့ကျောင်းမှာ အထက်တန်းနောက်ဆုံးနှစ်တက်မှာလေ ပါးတို့ရဲ့ scholarလဲရထားပြီးသား
sweetieနဲ့တူတူတစ်ခန်းတည်းတက်ရတော့မှာဆိုတော့ ပါးကလေးလေးက ဂရုစိုက်ပေးလိုက်ပါအုံး"

Jeons' Home Sweet Home Where stories live. Discover now