Part 23

121 8 0
                                    

(ဒီအပိုင်းတစ်ခုလုံးက မိုးရဲ့စိတ်ကူးယဥ်သက်သက်သာဖြစ်တာမို့အရေးအသားပေါ်ဗွေမယူစေချင်ပါ။
ကြိုတင်တောင်းပန်ထားခြင်းဖြစ်ပါတယ်ရှင်)

''အားးး!!!"
မနက်အစောကို ရင်ဘတ်တစ်နေရာက နာကျင်မှုနဲ့နိုးထလာရတဲ့ ထယ်ယောင်း...
ကြည့်လိုက်တော့ ထယ်ယောင်းရင်ဘတ်တစ်ဖက်ကို ပယ်ပယ်နယ်နယ်ဆုပ်ထားတဲ့မောင့်ရဲ့ တက်တူးအပြည့်နဲ့လက်ကြီး။

အဲ့လိုရင်ဘတ်ကို လာ,လာကိုင်တဲ့ အကျင့်ကြီးဖြစ်နေတာအရင်ကတည်းကဆိုပေမဲ့ အခုရက်ပိုင်း ရင်ဘတ်က အနည်းငယ်ဖောင်းနေပြီး တစ်ခုခုတင်းခံနေသလိုကြီးဖြစ်နေကာ ထိတာနဲ့ နာနေတာကို မပြောထားတာလဲမဟုတ်ပါဘဲ
လက်ကအတော်သရမ်းတာ။

ထယ်ယောင်းနာလို့ အော်တာတောင် တစ်ချက်နိုးမလာတဲ့အပြင် ကိုင်ထားတဲ့ရင်ဘတ်တစ်ဖက်ကိုတောင် ညှစ်လိုက်သေးတဲ့မောင့်ကြောင့် လူကမျက်ရည်ပါဝဲလာရသည်။

ထယ်ယောင်းမောင့်လက်ကိုဖယ်ချတော့မှ လှုပ်သွားလို့ထင်ပါ့ အင်း အဲ အသံတွေပေးကာနိုးလာလေသည်။

ဂျောင်ကု အမှန်တော့ အစောနိုးနေတာပင်။
ထယ့်ရဲ့ အနည်းငယ်ဖောင်းနေတဲ့ ရင်ဘတ်ကို အသည်းယားနေတာကြာပြီ။
ခုနောက်ပိုင်း ထယ်က ထိတာနဲ့နာလို့ဆိုတဲ့ အကြောင်းပြချက်ဖြင့် ရင်ဘတ်ကိုအကိုင်မခံ။
ဒါကြောင့် ထယ်အိပ်ပျော်နေတုန်း ခိုးကိုင်ပြီး နဲနဲလေး ညှစ်လိုက်မိတော့ ထယ်က 'အား'ခနဲထအော်လေသည်။
ဘာမှမသိဘဲအိပ်ပျော်နေယောင်ဆောင်လိုက်ပြီး အုပ်ကိုင်ထားမိတဲ့ရင်ဘတ်ကိုထပ်ညှစ်လိုက်တော့ ထယ်က လက်ကိုဖယ်ချသည်။
အဲ့တော့မှ ခုမှနိုးသယောင်ယောင်ဟန်ဆောင်လိုက်သည်။

ထယ်ယောင်း အိပ်မှုန်စုံမွှားပုံစံနဲ့မောင့်ကိုကြည့်ရင်း နာနေတဲ့ ရင်ဘတ်နေရာကို လက်ဖြင့်နှိပ်နယ်ပြီး သက်သာအောင်လုပ်နေရသည်။

"morning..ထယ် နိုးနေတာကြာပြီလား?"
ဂျောင်ကု မေးလိုက်တော့ ထယ်ကပြန်မဖြေဘဲ ခုနကဂျောင်ကုညှစ်ထားမိတဲ့ရင်ဘတ်ကိုနှိပ်နေသည်။

"ထယ်..ရင်ဘတ်ကဘာဖြစ်လို့လဲ ဟင်"
ဂျောင်ကု မသိသလိုမေးလိုက်တော့ ပြန်ရလာတာက ထယ့်ရဲ့ မျက်စောင်းလှလှလေးတစ်ချက်

Jeons' Home Sweet Home Where stories live. Discover now