Part 35(Final)

198 9 0
                                    

အချိန်စက်ဝန်းတွေအခေါက်ပေါင်းများစွာလည်ပတ်လို့ ရာသီအလီလီလဲပြောင်းခဲ့ချေပြီမို့
အခုဆို Jeonတို့ရဲ့ အငယ်ဆုံးမျိုးဆက်လေး
Jeon Hyung (ခေါ် ) Jeon Sweetie ပင်
၁၆နှစ်အရွယ် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူပင်ဖြစ်နေလေပြီ။

"Sweetie...ရေ ထတော့ သမီး ၇နာရီကြောျနပွေီ
ကျောင်းသွားရမယ်လေ ထတော့...
ထတော့လို့ ပါပါးပြောနေတယ်နော်"

"အင်းးး...5 minutes ပါပါး Just 5 minutes'' လကျ၅ခြောငျးထောငျပွလို့ တစ်ဖက်လှည့်အိပ်သွားလေတဲ့သမီးကြောင့် ထယ်ယောင်းခေါင်းခါလိုက်မိတယ်
'သူ့ဒယျဒိီဂြှနျဂြောငျကုနဲ့ တစ်ပုံစံတည်း'
မောင်ကလဲ အိပ်ရာကနှိုးရင် ၅မိနစ်လို့ပြောပြီးပြန်ပြန်အိပ်တတ်သည်လေ။

"မရဘူး..အခုထ သမီးတစ်ယောက်တည်းကိုပဲကျန်တဲ့သူတွေကစောင့်နေရတာ မကောင်းဘူးလို့ ပါပါးပြောထားတယ်လေ အပျင်းတစ်လေးရဲ့ ထတော့ဆိုနေ Jeon Hyung ပါပါးရိုက်တော့မှာနော် အခုချက်ချင်းထလိုက်"ထိုသို့မာန်​ေလမှ အိပ်ချင်မူးတူးရုပ်လေးဖြင့် ထထိုင်ကာခေါင်းကိုတဗျင်းဗျင်းကုတ်နေသည့် sweetie...

ထို့နောက်မျက်လုံးမပွင့်တပွင့်ဖြင့် အနားမှာရပ်နေသည့် ထယ်ယောင်းခါးကိုလှမ်းဖက်လို့ ဗိုက်မှာမျက်နှာအပ်ကာလာဖက်ပြန်သည်။
ထယ်ယောင်း သမီးကိုခေါင်းလေးပွတ်ပေးပြီး

"morning...ပါပါးသမီးလေး"ဆိုတော့ ခေါင်းငြှိမ့်ပြလာသည့်သမီးက အခုထိအိပ်ချင်ပြေသေးပုံမရ။

"မျက်နှာသစ် သွားတိုက် ရေမိုးချိုးတော့ သမီး

''ဟုတ်ကဲ့ ပါပါး "ဟုသာပြောလာသော်လည်း ထယ်ယောင်းကိုဖက်ထားတာကိုမခွာသေး။
ထယ်ယောင်း ထပ်ပြောရန်ပြင်ချိန်မှာပင် အောက်ထပ်မှ သမီးနာမည်ကို အော်ခေါ်သံကြားလိုက်ရသည်။

"ယောင်ယောင်းရေ...Reo ယောင်းရေ..
ကိုယ်လာပြီ.."

"ဟ..ဟေ့ရောင် မင်းတစ်ယောက်တည်းမှမဟုတ်တာ
Leo လဲပါတယ် ယောင်း.."
ထိုသူတွေမှာတော့ အခြားမဟုတ်...
သမီးနဲ့အတူမူကြိုစတက်ကတည်းက ခင်လာကြတဲ့ အမွှာလေးနှစ်ယောက်ပင်။
ထိုကလေးနှစ်ယောက်က မောင်တို့ကုမ္ပဏီကရှယ်ယာရှင်တစ်ဦးရဲ့သားတွေလဲဖြစ်သည်မို့် အိမ်ကိုဟိုးငယ်ငယ်ကတည်းက ဝင်ထွက်သွားလာနေကြတာ ယခုထက်ထိပင်။
မနက်တိုင်း ကျောင်းသွား ကျောင်းပြန် အတူတူသွားကြတာမို့ အခုလဲ သမီးကိုဝင်ခေါ်ကြတာဖြစ်မည် အချိန်အားဖြင့်စောလွန်းနေပေမဲ့ပေါ့။

Jeons' Home Sweet Home Where stories live. Discover now