Part 31

128 8 0
                                    

Taehyung ဆိုင်ပိတ်ချိန်ထက်စောပြန်လာဖြစ်သည်။
NamJinလေးတို့ကိုပါတစ်ခါတည်းဝင်ကြိုလာလိုက်ရင်းနဲ့ပေါ့...
အိမ်ပြန်ရောက်တော့ ကလေးနှစ်ယောက်ကလဲ ကိုယ်စီကိုယ်စီ ရေမိုးချိုးဖို့ အခန်းတွေထဲဝင်ကြသည်မို့ ထယ်ယောင်းလဲ ကလေးတွေရဲ့ဆွဲခြင်းတွေကို အိမ်တော်ထိန်းလီလက်ထဲထည့်ပေးပြီး အပေါ်ထပ်အခန်းဆီသာတက်လာလိုက်ပြီး ခနနားကာရေချိုးဖြစ်သည်။

ပြီးတာနဲ့ အောက်ထပ်ဆင်းလာပြီး ကလေးနှစ်ယောက်ကို ညနေစာကျွေးပေးပြီး စာကြည့်ခန်းထဲပို့ထားလိုက်သည်။
ဆရာမယွန်းကလဲ ကလေးတွေစာကြည့်ခန်းထဲဝင်ပြီး သိပ်မကြာခင်မှာပဲ ရောက်လာသည်။
မောင်တို့ပြန်လာချိန်လဲနီးနေပြီမို့ အိမ်တော်ထိန်းလီနဲ့အတူ ထမင်းဝိုင်းကူပြင်ပေးနေတုန်း ကားသံကြားတာမို့ မောင်တို့်ပြန်ရောက်ပြီမှန်းသိလိုက်သည်။

Taehyung အိမ်ရှေ့တံခါးဝနား ထွက်ကြိုတော့
မောင်ကသမီးကိုချီထားလျက်မေးသည်။

"ထယ်..အစောပြန်ရောက်နေတာလား?''

''အင်း..ဟုတ်တယ် ကလေးတွေကိုပါဝင်ကြိုရင်းနဲ့ပြန်လာတာ
လာပါအုံး.. ပါပါးသမီးလေးရဲ့"
TaeHyung မောင့်ဆီကနေသမီးကိုပြောင်းချီလိုက်ပြီး ပါးလေးကိုမွှေးလိုက်ရင်း

"အူးမွ
တနေကုန်လွမ်းနေတာ ပါပါးsweetieလေးကို
Sweetieလေးရော ပါးကိုလွမ်းဘူးလား ဟွန်"

''အာ..ဝူးဝူး အဲ.. " ပိစိကစကားသေချာမပြောတတ်သေးတာမို့ ဝူးဝူးဝါးဝါးဖြင့်သာ ထယ်ယောင်းပြောတာကိုပြန်ဖြေနေသည်။

"ပါးကလေးလေးကလဲ ပါးကိုလွမ်းနေတာပေါ့
ဟုတ်လား..ချစ်လိုက်တာကွာ မွ" ထယ်ယောင်း သမီးလေးကိုနောက်တစ်ကြိမ် မွ လိုက်တော့
မောင်ကပါ အားကျမခံ သူ့ပါးတစ်ဖက်ထိုးပေးလာသည်။

"အဲ့ဒါက ဘာလုပ်ပြတာလဲ "

"sweetieကိုပဲနမ်းနေတာ...
ဒီက sweetieလေးရဲ့ ဒယျဒီကွိီးကိုလဲ အမောပြေ အာဘွားတစ်ချက်လောက်"

"မရပါဘူး မျက်နှာကြီးဖယ်စမ်းပါ သွား..ဖယ်"
တော်ပါသေးတယ် NamJoon Hyungနဲ့ YoonGi Hyungတို့က အိမ်ထဲဝင်နှင့်ကြလို့ ။
မဟုတ်ရင်မောင်လုပ်ပြနေပုံမျိုးနဲ့က ရှက်စရာကြီး။

Jeons' Home Sweet Home Where stories live. Discover now