Part 6

136 11 0
                                    

JungKookတို့ဂျယ်ဂျုးရောက်ပြီး Jeon Group
Hotelကိုရောက်တော့ ၁၁နာရီပင်ရှိနေပြီ။
ဒါကြောင့် သူတို့လာရင်နားနေကျအခန်းထဲမှာ
ခနတဖြုတ်နား၊အဝတ်အစားလဲလို့နေ့လည်စာစားရန် ပြင်လိုက်သည်။

ဂျောင်ကုနေ့လည်စာမစားရသေးခင် ထယ့်ဆီရောက်ကြောင်းပြောဖို့ဖုန်းခေါ်လိုက်သည်။
ဖုန်းဝင်သံနှစ်ချက်အပြီးမှာ ထယ်ကဖုန်းကိုင်လိုက်တာမို့
📱📱📱📱
-'ဟယ်လို...ထယ်'

-'ဟုတ်..မောင် ရောက်ပြီလား?'

-'အင်း ရောက်ပြီ ထယ် အခုပဲနေ့လည်စာစားမို့
မစားခင် ဖုန်းလှမ်းဆက်လိုက်တာ..
ထယ်ရော ...'

-'ထယ်ကcounterထိုင်နေတာ မောင်ရဲ့..
တအောင့်နေလောက်မှ Jin hyungတို့နဲ့စားမှာ'

-'အင်းပါ..အဆာမလွန်စေနဲ့နော်
ဒါနဲ့ ထယ်နေမကောင်းဘူးလား အသံကတမျိုး
ဖြစ်နေတယ် ဟင်?'

-'ဘာမှမဖြစ်ပါဘူး မောင်ကလဲ..
ပုံမှန်ပါပဲ စိုးရိမ်တတ်ရန်ကောကွာ....'

-'ဟုတ်တယ် စိုးရိမ်တယ် ဒီတစ်ယောက်လေးပဲရှိတာကိုမစိုးရိမ်ဘဲနေမလား ထယ်ရာ..'

-'ဟုတ်ပါပြီ.. မောင်ရယ် ထယ်နေကောင်းတယ်
ဟုတ်ပြီလား ကျေနပ်တော့
အလုပ်ကိုသာအာရုံစိုက်လုပ် စိတ်မပူနဲ့...'

-'မောင့်အသက်လေးရဲ့အမိန့်တိုင်းပါဗျာ...
ချစ်တယ်..ထယ် '

-'ထယ်လဲချစ်တယ် မောင် ဒါပဲနော် မောင်'

-'ဟုတ်ပါပြီဗျာ...'

ထယ်ယောင်းမောင်နဲ့ဖုန်းပြောပြီးထိုင်နေရာမှအထ မိုက်ခနဲတစ်ချက်ဖြစ်သွားပြီး ခုံပေါ်ပြန်ထိုင်ချလိုက်ရသည်။

ဤသည်ကို အနောက်မှထွက်လာတဲ့JiMinကမြင်သွားတာမို့ TaeHyungအနားအမြန်လာလိုက်ပြီး

''ဘယ်လိုဖြစ်တာလဲ ထယ်ထယ်??
ရရဲ့လား.."

"ခေါင်းနဲနဲနောက်နေရုံပါ..မိုချီရဲ့
ငါအဆင်ပြေပါတယ် မင်းကလဲ "

"မင်းပုံစံကအဆင်ပြေတဲ့ပုံမှမဟုတ်နေတာကို..
ကြည့်ရတာ မနက်ကအစောကြီးထထားရလို့
အိပ်ရေးမဝလို့ခေါင်းနောက်နေတာထင်တယ်
ပြန်နားလိုက်လေ ထယ်ထယ်...နော်"

Jeons' Home Sweet Home Where stories live. Discover now