Part 19

138 9 0
                                    

NamJoon Hyungတို့ ပြန်ရောက်လာကြတော့လဲ မာမီ့ကိုမြင်ပြီး အံ့သြကြရသေးသည်။
မာမီက Supriseပါဆိုပြီး ထပ်ရှင်းပြတော့မှ
'သြော်'ဟုဆိုကြရပြန်သည်။
မိသားစုထမင်းဝိုင်းမှာလဲ အရင်ထက်ပင် ပိုမို
ပြည့်စုံသွားသယောင်။
ဒါတောင် ဒယ်ဒီမပါလာသေးလို့ ပါလာခဲ့ရင်
ဒီထက်ပိုပျော်ဖို့်ကောင်းမှာပင်။

စားနေသောက်နေကြရင်းနဲ့မှ NamJoon က

"JungKook..CEOဟုန်းတို့သားအဖကိုမင်းအမှု
ဖွင့်ထားတယ်ဆို..."

"အင်း..သမီးလုပ်သူကိုမြေကွက်စာချုပ်ခိုးခိုင်းတယ်လေ လိုချင်ရင် အစကတည်းကရအောင်ယူပေါ့ အခုလိုခိုးတော့ရော ကျွန်တော်တို့ကမသိဘဲနေမှာကျနေရော ဟာသပဲ"

"အလိုရမ္မက်ကြီးပြီး စဥ်းစားဥာဏ်မဲ့သွားတာလေ
ဒါနဲ့..ရုံးခန်းထဲမှာ ဘယ်တုန်းကCCTV တပ်လိုက်တာလဲ ငါတို့တောင်သတိမထားမိဘူး''

"ဟုန်းနာရာ အလုပ်ဝင်ပြီး နောက်ရက်လောက်ကတည်းက တပ်လိုက်တာ Hyung...
အဲ့မိန်းမပုံစံကမရိုးဘူးထင်လို့ လုပ်လိုက်တာ
ခုလိုမိလိမ့်မယ်လို့တော့ မထင်ထားတာအမှန်ပဲ
ဂျယ်ဂျူးဘက်က CCTV recordပါရရင် ပိုမိုက်ပြီ အာဟ.."

"အဲ့ဘက်အတွက် ငါလူလွှတ်ထားသေးတယ်
JungKook
ခုထိ သူတို့သားအဖကိုမဖမ်းခိုင်းသေးတာက အဲ့recordကိုစောင့်နေတာလား"

''ဟုတ်တယ်..Gi Hyung အဲ့ဒါပါ ပါလိုက်ရင်
အဖိုးကြီးရော သူ့သမီးရော Game Over..."

ဘာလို့ JungKookတို့က ဂျယ်ဂျူးက accidentကို CEOဟုန်းလုပ်တာပါလို့ပြောနိုင်တာလဲ ။
အဖြေက ရှင်းပါတယ် သူတို့ကိုယ်တိုင်ကပဲ ပြောပြသွားလို့ပါ။
ဘယ်လိုမျိုးလဲဆိုတော့...

JungKookနဲ့HoSeokတို့နှစ်ယောက် ဒဏ်ရာတွေကြောင့် ရုံးမတက်တဲ့ ပထမရက်မှာ CEOဟုန်းတို့သားအဖက ကုမ္ပဏီကိုရောက်လာပြီး သမီးဖြစ်သူကို အလုပ်နေရာတစ်နေရာပေးခိုင်းလာသည်။

ပြောကြဆိုကြရင်းနဲ့ CEOဟုန်းက မျက်စိကစားပြီး မေးလာသည်။

"CEO Jeonတို့ညီ Jeon JungKookတို့ သက်သာရဲ့လား
Car Accidentဆိုတော့လေ "

NamJoon နဲ့ YoonGi မှာတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
ဘာလို့ဆို JungKookတို့ accidentဖြစ်တယ်ဆိုတာ ဘယ်သူမှမသိအောင် ဖုံးထားပြီးသားပင်။
ကုမ္ပဏီဝန်ထမ်းတွေကအစaccident ဖြစ်တယ်မသိကြဘဲ အလုပ်နဲ့ခရီးထွက်တယ်ပဲသိထားကြတာပင်။
ဂျယ်ဂျူးမှာ accidentဖြစ်တာကို Media တှေကိုလဲ သတင်းလွှင့်ခွင့်ပိတ်ခိုင်းထားပြီးသား...
ဒါကို CEOဟုန်းက ဘယ်လိုလုပ်ပြီး အတိအကျသိနေတာပါလိမ့် လို့တွေးမိပြီး တင်ဒါပွဲကျင်းပတဲ့နေရာအနီးတစ်ဝိုက်က CCTVတှေကိုစဈဆေးဖို့ YoonGiက လူလွှတ်လိုက်ခြင်း။

Jeons' Home Sweet Home Where stories live. Discover now