ထယ်ယောင်း မောင့်ဆီကနေဆိုင်ကိုပြန်ရောက်တော့ Counter မှာထိုင်နေတဲ့ Jiminကိုတွေ့လိုက်ရသည်။
Jiminကထယ်ယောင်းကိုတွေ့တာနဲ့
"ထယ်ထယ်ရောက်ပြီလား နေ့လည်စာစားခဲ့ပြီလား ""အင်း...စားခဲ့ပြီးပြီ မိုချီ မင်းရော "
''အေး ပြီးပြီ Jin Hyungရောပဲ
ဒါနဲ့မင်းပုံစံကဘယ်လိုဖြစ်နေတာလဲ ဘာလဲ
ဂျောင်ကုနဲ့ရန်ဖြစ်လာလို့လား "''မဟုတ်ပါဘူးကွာ..မမြင်ချင်တဲ့သူကိုမြင်လာရလို့ "
''ဘယ်လို! မမြင်ချင်တဲ့သူ...???"
"ပြောပြမယ် Jin Hyungကိုပါခေါ်လိုက်"
''ေအး အေး "Jimin လဲ ထယ်ယောင်းပြောသလို
Jin Hyungကိုသွားခေါ်လိုက်သည်။Jin Hyungရောက်လာတော့မှ
"ပြောလို့ရပြီ ထယ်ထယ် ''''အေး ဒီလို....." ထယ်ယောင်း အစအဆုံးအကုန်ပြောပြလိုက်သည်နှင့် Jimin က
"ဒါဆို အဲ့မိန်းမကလိုက်ကပ်နေတုန်းပေါ့...
မင်းဘယ်လိုလုပ်မယ်စဥ်းစားထားလဲ?"''ငါ မာမီ့ကိုလှမ်းပြောလိုက်မယ်ကွာ..."
"ဟဲ့..ထယ်လေး မာမီ့ကိုလှမ်းပြောဖို့အထိလိုလို့လား Hyungကတော့ ဒီတိုင်းစောင့်ကြည့်နေချင်သေးတယ် "
"ဟာ..Hyungရဲ့ ေတွဝေနေရင် ရင်ခံသွားမယ်နော် အဲ့မိန်းမက အရင်ကတည်းက Joon hyung
ကိုရော Yoongi hyung ကိုရော လိုချင်နေတာ
ခုက မောင့်ကိုပါ ချဥ်းကပ်လာပြီ...
လွှတ်ထားလို့မှမဖြစ်တာ ပါသွားမှရင်ကျိုးနေရမယ်"''မင်းက မင်းယောက်ျားကိုမယုံလို့လား ထယ်ထယ် "
"မဟုတ်ဘူး မိုချီ ငါမောင့်ကိုယုံတယ်
ငါမယုံတာက ဟိုစပ်စလူးမကို""ထယ်လေးပြောပုံအရဆို ငါတို့လူတွေကမလှုပ်ရင်တောင် ဟိုက လှုပ်မှာပဲ
ထယ်လေး ပြောသလို မာမီ့ကိုလှမ်းပြောထား
လိုက်တာအကောင်းဆုံးပဲထင်တယ်
ဘယ်လိုလဲ Jimin? ''''Hyungတို့သဘောလေ ကျွန်တော်လဲ ကျွန့်တော့်ယောက်ျားကိုယုံပေမဲ့ပေါ့...."
ထယ်ယောင်းတို့သုံးယောက်သား စကားစဖြတ်လိုက်ပြီး လုပ်စရာရှိတာကိုသာကိုယ်စီဆက်လုပ်နေလိုက်ကြသည်။
ခေါင်းထဲမှာလဲအတွေးကိုယ်စီဖြင့်ပေါ့.......
YOU ARE READING
Jeons' Home Sweet Home
FanfictionJust My Imagination. So,don't blame my idols Burmese language(Not English)