JungKookတို့ မနက်တစ်ပိုင်းကို အသစ်ဝယ်ထားတဲ့ ဂျယ်ဂျူးဘက်ကမြေကွက်နဲ့ပတ်သက်ပြီး meetingထိုင်ပြီး ဆွေးနွေးကြသည်။
Meeting ပြီးလို့နာရီကြည့်မိတော့၁၁း၂၀ဖွဈနပွေီမို့ ဂျောင်ကုလဲအိမ်ပြန်လိုက်သည်။ထယ်ယောင်း နေ့လည်စာစားနေတုန်း အိမ်ရှေ့ကားသံကြားတာမို့ အိမ်တော်ထိန်းလီကထွက်ကြည့်သည်။
နောက်တော့ အိမ်တော်ထိန်းလီနဲ့အတူမောင်ပါလိုက်ဝင်လာတာမို့"မောင်...ထမင်းရောစားပြီးရဲ့လား
ထယ်က မောင် ၁၂လောက်မှလာခေါ်မယ်ထင်လို့ ထမင်းအရင်စားနေတာ ပြီးမှဖုန်းဆက်မို့""မောင်လဲထယ်နဲ့တူတူနေ့လည်စာစားချင်လို့လေ...အိမ်တော်ထိန်းလီ ကျွန်တော့်ကိုထမင်း
ထည့်ပေးပါအုံး" ဆိုတော့ အိမ်တော်ထိန်းလီကထမင်းထည့်ပေးလာသည်။ထယ့်ပန်းကန်ထဲကြည့်လိုက်တော့ ဝက်သားကြော်တွေချည်းပြည့်နေလိုက်တာ ထမင်းတောင်မတွေ့ရတဲ့အထိပင်။
အရင်ကတည်းက ထယ်ကအသီးအရွက်ထက်အသားကိုပိုစားတာမို့ ဂျောင်ကုကပဲ ဂရုတစိုက်နဲ့ အသီးအရွက်စားခိုင်းရသည်။
အသားအစားများတယ်ဆိုသည့်တိုင် ဝက်သားကိုအခုလောက် မက်မက်စက်စက် စားတာမျိုးမတွေ့ဖူးခဲ့။ထယ်ယောင်း ထမင်းငုံ့စားနေတုန်း တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရတာမို့ မော့ကြည့်မိတော့ မောငျက
ထယ်ယောင်းကိုစိုက်ကြည့်နေတာဖြစ်သည်။
"မောင်...မောင်..မောင့်!"
ထယ်ယောင်း ထအော်လိုက်တော့မှ အသိဝင်လာတဲ့မောင်က"ဟင်..ဟင်..ထယ် ဘာလို့လဲ?"
"ဘာလုပ်နေတာလဲ ထမင်းမစားသေးဘဲနဲ့..
ထယ့်ကိုကြည့်နေလို့ မောင်ဗိုက်မဝဘူးနော်။
စားစရာရှိတာစား ပြီးရင်သွားမယ်
တကတည်း..တှေးနေ ငေးနေလိုက်တာများ
ပြော,မပြောချင်ဘူး ""ဟဟ..ဟုတ်ပါပြီထယ်ရယ် မောင်ထမင်းစားပါတော့မယ်ဗျာ..ထယ်လဲစားလေ
ပဲပင်ပေါက်လေးလဲစားအုံး အသားချည်းပဲ
ထယ့်ပန်းကန်ထဲမှာ...""ဟွန်း...စားချင်ပါဘူး ဝက်သားကြော်ပဲစားချင်တာ "
"ထယ်ရယ်..အသားချည်းပဲစားနေလို့မှမဖြစ်ဘဲ
မောင်ပြောသလို..."
YOU ARE READING
Jeons' Home Sweet Home
FanfictionJust My Imagination. So,don't blame my idols Burmese language(Not English)