Part 2

222 15 1
                                    

ဂျောင်ကုတို့သုံးယောက် ကုမ္ပဏီရောက်လို့
ရုံးခန်းထဲတန်းဝင်တော့ အနောက်ကနေ
အတွင်းရေးမှူးတစ်ဖြစ်လဲ NamJoon Hyungရဲ့
သူငယ်ချင်းဖြစ်သူ HoSeok Hyungကပါ လိုက်ဝင်လာသည်။

"ဒီမှာ မင်းတို့လိုချင်တဲ့ Jejuဘက်က မြေနေရာ
အချက်အလက်တွေ... "ဟိုဆော့ ဖိုင်တွေကို
တစ်ယောက်ချင်းစီကိုပေးလိုက်ပြီးမှ ဆက်ပြောသည်။
"ဟိုတယ်ဆောက်ဖို့အတွက် အချက်အချာကျ
တဲ့အပြင် လက်ရှိမြေစျေးနဲ့ဆို တန်တယ်​​ပြောရမယ် မင်းတို့ဆုံးဖြတ်ကြလေ
ဒီတစ်ပတ် Fridayကျရင် အဲ့မြေပိုင်ရှင်က
တင်ဒါခေါ်မှာတဲ့ ကဲ...ဘယ်လိုလဲ?"

"အင်း..HoSeok Hyungပြောပုံအရရော ခုဖိုင်မှာပါတဲ့အချက်အလက်တွေရောဆို မဆိုးဘူးလို့ကျွန်တော်ထင်တယ် Hyungတို့ကရော?"

''အေး ငါလဲသဘောကျပါတယ် Yoongiမင်းရော"

''မင်းတို့တောင်အိုခေတယ်ဆိုမှတော့ ငါကဘာလိုမှာတုန်း Okပဲပေါ့"

"ဒါဆို သုံးယောက်လုံးသဘောတူတယ်ဆို ငါ
တင်ဒါတင်လိုက်တော့မယ်နော် Deal?"

''Deal''³

ထို့နောက် ဟိုဆော့က ခေါင်းငြှိမ့်ပြပြီး
NamJoon နဲ့အတူ အစည်းအဝေးခန်းသို့ထွက်သွားသည်။

Yoongiမှာလဲ Jeon group Mallတွေကိုစစ်ရန်ထွက်သွားသည်မို့ ရုံးခန်းတွင်း၌ JungKookသာကျန်ခဲ့တော့သည်။
ဂျောင်ကုလဲ စာရင်းစစ်စရာရှိတာတွေကို ကိုယ့်နေရာကိုယ်ထိုင်လို့စစ်နေလိုက်သည်။

ထယ်ယောင်းတို့ ကလေးနှစ်ယောက်ကို ကျောင်းဝင်ပို့ပြီးသည်နှင့် ဆိုင်သို့ထွက်လာခဲ့သည်။

ဆိုင်ရောက်တာနဲ့ waiterကောင်လေးတွေက ကြိုရောက်နှင့်နေပြီး ဆိုင်ခင်းထားနှင့်ပြီးနေပြီ။
ဒါ​ကြောင့် SeokJinနဲ့ JiMinက အနောက်ဘက်
မုန့်လုပ်တဲ့ဆီတန်းသွားလိုက်ပြီး TaeHyungကတော့ Counterမှာထိုင်ပြီး အမှာတွေလက်ခံရုံသာ ရှိသည်။
ဤသည်မှာ သူတို့သုံးယောက်ရဲ့ Daily routine

နေ့လည်စာစားချိန်လောက်ရောက်တော့ ​
SeokJinထွက်လာလိုက်ပြီး
"ထယ်လေး.... "

"ဟုတ် Jin hyung ပြေလေ"

"အေး ဟိုသုံးယောက်ဆီ ဒါလေးသွားပို့ပေးစမ်းပါ" ဆော့ဂျင် သုံးဆင့်ချိုင့်ကြီးကို ကမ်းပေးလိုက်တော့ ထယ်ယောင်းလှမ်းယူလိုက်ပြီး

Jeons' Home Sweet Home Where stories live. Discover now