Part 28

111 6 0
                                    

TaeHyungအပေါ်ထပ်အိပ်ခန်းထဲရောက်တော့ အရင်ဆုံး သမီးလေးရဲ့ပုခက်ဆီသွားလိုက်သည်။
မင်းသမီးလေးက ကောင်းကောင်းအိပ်ပျော်နေတာမြင်တော့မှ ရေချိုးရန်ပြင်လိုက်သည်။

ရေမိုးချိုးပြီး Bathrobeနဲ့ ပြန်ထွက်လာတော့
မောင်ကအဝတ်အစားထုတ်ပေးပြီး တပတ်ကိုင်ကာ ရပ်စောင့်နေသည်။
TaeHyungကိုတွေ့တော့ မောင်ကတပတ်လှမ်းပေးသည်။

"မောင်..ရေချိုးလိုက်အုံးလေ"

"အင်း..ခုချိုးမှာ ထယ့်ကိုစောင့်နေတာ"

''အာ့ဆို သွားချိုးတော့ "လို့် ထယ်ယောင်းပြောတော့ မောင်က ထယ်ယောင်းပါးလေးကို တစ်ချက်နမ်းပြီးရေချိုးခန်းထဲဝင်သွားသည်။

JungKook ရေချိုးရုံအပြင် ခေါင်းပါလျှော်ချလိုက်တာမို့ အနည်းငယ်ကြာသွားရသည်။
ရေစိုနတေဲ့ခေါငျးကို တပတ်တစ်ထည်နဲ့သုတ်ရင်း အပြင်ပြန်ထွက်လာတော့ ထယ်က ကုတင်ပေါ်မှာ သမီးကို ကိုယ်တိုင်နို့တိုက်နေတာကိုမြင်တော့ JungKook လည်စလုတ် အထက်အောက်ရွေ့လျားသွားပြီး 'ဂလု'ခနဲမြည်သွားသည်။

''မောင်..အဲ့မှာဘာရပ်လုပ်နေတာလဲ? လာလေ"TaeHyung သမီးကိုနို့တိုက်ရင်း တစ်ယောက်ယောက်က ကြည့်နေသလိုခံစားရတာကြောင့် မော့ကြည့်မိတော့ ရေချိုးခန်းရှေ့အတောင့်လိုက်ကြီးရပ်နေတဲ့မောင့်ကိုတွေ့တာမို့ အခုလိုလှမ်းပြောလိုက်ခြင်း။

JungKook ထယ့်အသံကြားမှပဲ
" အော..အော..လာပြီ ထယ်"

JungKook အဝတ်အစားလဲလိုက်ပြီး ထယ့်ဘေးမှာ ဝင်ထိုင်ပြီး နို့စို့နေတဲ့သမီးလေးကိုကြည့်နေလိုက်သည်။

"ထယ်..sweetieလေးကပြန်အိပ်သွားတာလား"

''အင်း..မောင့်သမီးကနို့ကိုငုံပြီးပြန်မှိန်းသွားတာ"

"သြော်..ချစ်စရာလေးကွာ"ဆိုကာ JungKook သမီးလေးရဲ့ ခွေဖဝါးပိစိလေးကိုလကျညှိုးနဲ့ထိကွညျ့လိုကျတော့ တကယ့်ကိိုနူးနူးညံ့ညံ့နဲ့ မထိရက်မကိုင်ရက်စရာလေး။

sweetieလေးက JungKookလက်နဲ့ထိပြီး ခြေဖဝါးကို ပွတ်နေတော့ ယားလို့ထင်ရဲ့
လှုပ်လာလေတယ်။

TaeHyung က တင်ပါးလေးကိုပုတ်ပေးလိုက်တော့မှ ပြန်ငြိမ်သွားတယ်။

Jeons' Home Sweet Home Where stories live. Discover now