Part 26

124 9 0
                                    

JungKook ဆေးအရှိန်နဲ့ အိပ်မောကျနေတဲ့ထယ့်ဘေးလေးမှာထိုင်စောင့်နေတုန်း မာမီတို့က သမီးလေးကိုချီလို့ အခန်းထဲဝင်လာကြသည်။

Jk's mom- "သားငယ်..ဒီမှာလာကြည့်ပါအုံး
မြေးလေးကို"

JungKook မာမီ့ဆီသွားလိုက်ပြီး လက်ထဲက သမီးလေးကို JungKookလက်ထဲပြောင်းပွေ့လိုက်တော့ တစ်ချက်လှုပ်သွားတာမို့

"ကျွတ်စ်..ကျွတ်စ်..ကျွတ်စ် အိပ် အိပ် မီးမီးအိပ်
ဒယ်ဒီရှိတယ် "ဆိုတော့ ပြန်ငြိမ်သွားတဲ့သမီးငယ်လေး။

"အ့..ကျစ်!"
JungKook သမီးလေးကိုကြည့်နေတုန်း ထယ့်အသံကြားတာမို့ လှည့်ကြည့်တော့ ထယ်ကနိုးနေလေပြီ။

JungKook သမီးလေးကိုပွေ့ထားလျက် ထယ့်အနားသွားလိုက်ပြီး

"ထယ်...အဆင်ပြေရဲ့လား..နာနေလား"

"နဲနဲတော့နာနေသေးတာပေါ့.. မောင်ရဲ့
သမီးကိုထယ့်ဆီပေးပါအုံး..မောင်"

JungKook လဲ ထယ့်ဆီကိုသမီးလေးပေးလိုက်တော့ ထယ်ကပွေ့လိုက်ပြီး သမီးလေးမျက်နှာလေးကိုကြည့်ရင်းပြုံးနေသည်။

ထိုအချိန် မာမီက အပြင်ကနေလိုတာတွေဝယ်ပြီးပြန်လာတဲ့ Jin hyung တို့နဲ့ ထယ့်အတွက်စားစရာပြင်ပေးနေသည်။

"သားထယ်လေး..ကြက်စွပ်ပြုတ်လေးသောက်လိုက်အုံး သား မြေးလေးအိပ်နေတုန်းကို
နိုးလာတဲ့အခါကျ သားနို့တိုက်ရမယ်မလား''

''အာ...ဟုတ်ကဲ့ မာမီ"TaeHyungရှက်သွားပေမဲ့
အမှန်တရားဖြစ်နေတာမို့ငြင်းမနေတော့။

"ငါတို့ကတော့ ပြန်မှရမယ် JungKook
ကလေးတွေပဲကျန်နေခဲ့တာဆိုတော့လေ''

"ဟုတ်ကဲ့.. Jin hyung ပြန်လေ
ကျွန်တော်ရှိနေတာပဲ ရပါတယ်
မာမီနဲ့ဒယျဒိီပါ ပြန်လိုက်ချင်လိုက်သွားလေ
အိပ်ရေးပျက်ထားတာဆိုတော့ နားလိုက်ပါအုံး
နေ့လည်လောက်မှ စားစရာတွေနဲ့ပြန်လာလိုက်ပေါ့"

"အေး အေး ဒါဆို မာမီတို့ပြန်အုံးမယ် ထယ်လေး"

''ဟုတ်ကဲ့...မာမီ"

မာမီတို့ ထွက်သွားတော့ မောင်က လူနာစောင့်ခုံလေးပေါ်ဝင်ထိုင်ပြီး ထယ်ယောင်းပွေ့ထားတဲ့သမီးလေးကိုကြည့်နေသည်။

Jeons' Home Sweet Home Where stories live. Discover now