ထယ်ယောင်းတွေးနေရင်းနဲ့မှ ဗိုက်ဆာလာတာမို့ အောက်ထပ်ကိုဆင်းလာလိုက်ပြီး ထမင်းစားခန်းဆီသာဦးတည်လိုက်သည်။
ထယ်ယောင်းဝင်လာတာကိုတွေ့တဲ့ အိမ်တော်ထိန်းလီက
"သခင်လေးထယ်ယောင်း ထမင်းစားတော့မလား""ဟုတ် စားမယ် အန်တီ..
ထယ့်ကိုလေ ထမင်းလေးသုပ်ပေးပါလား
စပ်စပ်လေး..""ရပါတယ် အန်တီ သုပ်ပေးမယ်..
ဒါပေမဲ့..သခင်လေးကအစပ်မှမစားနိုင်တာ
ပြီးတော့ သခင်လေးစားနေကျက ထမင်းအချိုသုပ်လေ..""လုပ်ပါဗျာ..ထယ်စပ်စပ်လေးစားချင်လို့..."
"ကောင်းပါပြီ အန်တီပြင်ပေးမယ်နော်"
ထယ်ယောင်းလဲ အိမ်တော်ထိန်းလီကိုခေါင်းငြှိမ့်ပြလိုက်ပြီး ထမင်းစားပွဲမှာဝင်ထိုင်လို့စောင့်နေလိုက်သည်။
အိမ်တော်ထိန်းလီလဲ အစပ်အနည်းငယ်ကိုသာထည့်သုပ်ပြီး သခင်လေးထယ်ယောင်းရှေ့ချပေးလိုက်သည်။
တော်ကြာ အစပ်တွေစားပြီးဗိုက်အောင့်မှဖြင့်
သခင်လေးဂျောင်ကုက သူမတို့ကိုပဲဆူမှာလေ။ထယ်ယောင်း ကိုယ့်ရှေ့ရောက်လာတဲ့ထမင်းသုပ်ကို တစ်ဇွန်းမြည်းလိုက်ပေမဲ့ ကိုယ်စားချင်သလိုမျိုးဟုတ်မနေတာမို့
"အိမ်တော်ထိန်းလီ..အစပ်ထပ်ထည့်ပေးပါအုံး"
"ဟင်..သခင်လေး တော်ပြီလေ
ဗိုက်အောင့်ကုန်မယ် သခင်လေးရဲ့..""ထယ့်ဘာသာထယ်ပဲထည့်လိုက်တော့မယ်"ဟုဆိုကာ သူမလက်ထဲက ငရုတ်နှစ်ဘူးကိုယူချသွားပြီး ပန်းကန်ထဲကို စိမ်ပြေနပြေထည့်နေတဲ့သခင်လေးထယ်ယောင်းရယ်ပါ။
''အင်းးး ခုမှပဲစားချင်တဲ့အရသာတိုင်းကွက်တိ"
ထယ်ယောင်း တစ်လုပ်ပြီးတစ်လုပ်စားနေရင်းမှ
အိမ်ရှေ့ကကားသံကြားတာမို့ အိမ်တော်ထိန်းလီ ကအရှေ့ထွက်သွားလေတယ်။မကြာလိုက်..အိမ်တော်ထိန်းလီနဲ့အတူ JiMinတို့ပါလိုက်ဝင်လာသည်။
ထယ်ယောင်းစားနေတာကိုတွေ့တော့ JiMinက"ဟေ့..ထယ်ထယ် ဘာတွေစားနေတာလဲ?"
"ထမင်းသုပ်လေ..မိုချီ စားအုံးမလား"
YOU ARE READING
Jeons' Home Sweet Home
FanfictionJust My Imagination. So,don't blame my idols Burmese language(Not English)