Part 32

117 9 0
                                    

မိသားစုစုံညီစွာ ညစာစားပြီးချိန်မှာတော့
ပုံမှန်အတိုင်း TVရှေ့စုရုံးရနျပွငျကွသညျ။

"ထယ်..မောင်သမီးကိုတစ်ချက်သွားကြည့်လိုက်အုံးမယ် နိုးများနိုးနေမလားလို့"

"အင်း သွားလေ မောင်
နိုးနေရင်လဲ အောက်ကိုခေါ်လာခဲ့နော်"
JungKook ထယ့်ကိုခေါင်းငြှိမ့်ပြလိုက်ပြီး အပေါ်ထပ်အိပ်ခန်းဆီတက်လာလိုက်သည်။
အခန်းထဲရောက်လို့ သမီးလေးရဲ့ပုခက်နားရောက်တော့

"ဟောဗျာ!!.." JungKookအာမေဋိတ်အသံပင်ထွက်သွားရသည်။
ထိုသည်မှာ sweetieလေးကနိုးနေပြီး ထိုင်ကာအရုပ်လေးတွေနဲ့ဆော့နေတာကြောင့်ပင်။
သမီးလေးက မှောက်လဲမှောက်တတ်နေပြီး ခုဆို အထိန်းအကွပ်မရှိဘဲလဲ သေချာထိုင်နေပြီ။

JungKook အသံကြားလို့ထင်ရဲ့ သမီးလေးကအရုပ်လေးကိုင်ကာလှည့်ကြည့်ပြီး လုပ်လိုက်သည့်အရာကြောင့် ဂျောင်ကု အံသြလွန်ကာငြိမ်သွားသည်အထိပင်။

"ဒါဒါ.."သမီးလေးနှုတ်ဖျားမှ ထပ်မံခေါ်လာသံလေးကြောင့် ဂျောင်ကုမျက်ရည်တွေပင်ဝဲလာတဲ့အထိပင်။
အခု သမီးလေးကသူ့ကို 'ဒါဒါ 'လို့ခေါ်လာတာအိမ်မက်များလား

JungKook သမီးလေးကို ပုခက်လေးထဲကနေ ကောက်ချီလိုက်ပြီး ပါးလေးကိုတစ်ချက်နမ်းပေးလိုက်ပြီး

"sweetieလေး ဒယ်ဒီ့ကိုပြန်ခေါ်ပါအုံး ''

''ဒါဒါ... ဒါဒါ "

"ဟား..." JungKook ခုလက်ရှိဖြစ်နေတဲ့ခံစားချက်ကိုပြောပါဆိုရင်  တလောကလုံးကိုအပိုင်စားရသွားသလိုမျိုး။

JungKook အောက်ထပ်ကို သမီးလေးကိုချီလျက်သား အမြန်ပြေးဆင်းလာလိုက်တော့
ဧည့်ခန်းထဲကလူတွေမှာအလန့်တကြားလှည့်ကြည့်လာကြသည်။

"ထယ်..သိလား သမီးက သမီးက မောင့်ကို
'ဒါဒါ 'လို့ခေါ်တယ် ခုလေးတင်"

"တကယ်လား..မောင် "

"တကယ်ပြောတာ မယုံရင် မောင်ခေါ်ခိုင်းပြမယ်
sweetieလေး ဒယ်ဒီ့ကိုထပ်ခေါ်ပြပါအုံး"

"ဒါဒါ.. ခစ်ခစ်ခစ်"Sweetieလေးက သူ့ဒယ်ဒီကိုခေါ်ပြီး သဘောတကျနဲ့ကိုရယ်နေသည်။
ကျန်တဲ့သူတွေမှာလဲ ပိစိလေးရဲ့ ခေါ်သံကိုသေချာကြားလိုက်တာမို့ ယုံသွားကြသည်။

Jeons' Home Sweet Home Where stories live. Discover now