Part-3(Uni+Zg)

133 9 3
                                    

"ရွှေဟင်္သာ ရွှေချိုး ဒီကလေးတွေဘယ်သွားနေပြန်ပြီလဲ"

ကျောင်းထိုင်ဆရာတော်နှင့်သံဃာတော်များဆွမ်းဘုန်းပြီးချိန် ပျောက်ချင်းမလှပျောက်နေခဲ့သူနှစ်ယောက်အားဟိုဟိုသည်သည်လိုက်ရှာနေခဲ့၏။

"ဆရာတော်ဘုရား"

"ဟေ...အော် ကျောင်းဆရာဦးသောင်းပဲ လာလေကွဲ့"

"ကလေးနှစ်ယောက်ရောဘုရား မနက်ကတင်တွေ့လိုက်ပါသေးတယ်"

"အခုတင်လိုက်ရှာနေတာလေ..ဘယ်နေရာမှာဘာတွေလိုက်မွှေနေပြန်ပြီလဲမသိပါဘူးကွာ"

ဦးနန္ဒမှာအလွန်အမင်းစိတ်ညစ်နေဟန်တူသည်။ရာသီဥတုကလည်းပူအိုက်အိုက်နှင့်​ဖြစ်၍ဆင်ထားသောပန်ကာများသည်ပင်လေပူများသာလွှတ်လေ၏။

"ဒကာကြီးဦးသောင်းကကလေးနှစ်ယောက်ကိုဘာကိစ္စရှိလို့တုန်း အရေးကြီးတယ်ဆိုရင်ငါလူတစ်ယောက်လွှတ်ပြီးခေါ်ခိုင်းလိုက်မယ်လေ"

"အရေးကြီးပါတယ်ဘုရား ကလေးတွေရဲ့ကျောင်းကိစ္စပါ"

"အော် အေး ဟုတ်သား....အောင်စာရင်းတွေထွက်တာတောင်ကြာခဲ့ပြီပဲ အခုတက္ကသိုလ်ကတက်ရတော့မယ်တဲ့လား"

"မတက်ရသေးပေမယ့် ကျောင်းလျှောက်ဖို့အတွက်ရော နေဖို့ထိုင်ဖို့အတွက်ပါဆွေးနွေးချင်လို့ပါဘုရား"

"အေးအေး ဒါ​ဖြင့်လည်း..."

"ဘကြီးသောင်း"

"ဝေ့.."

စွပ်ကျယ်ချိုင်းပြက်နှင့်နှစ်ယောက်သားဦးသောင်းဘေးဝင်ထိုင်လိုက်ပြီးမလုံမလဲမျက်လုံးများကတစ်စုံတစ်ရာကိုဆရာတော်သိသွားမည်အားစိုးရိမ်နေသည့်ဟန်..

"ရွှေချိုး နှစ်ယောက်လုံးဘယ်တွေအလေလိုက်နေကြသလဲကွ ဟမ်"

"အလေလိုက်စရာလားဘုရား ရွာထဲကကလေးတွေနဲ့သားရေကွင်းပစ်နေကြတာပါ"

"ဟုတ်ပါတယ်ဘုရား သားတို့နှစ်ယောက်လုံးကဆော့နေရရုံနဲ့တင်အလေလိုက်ချိန်မရှိပါဘူးဘုရား"

"အဲ့ဒါကအလေလိုက်တာမဟုတ်လို့ဘာတုန်း "

ဘေးကထိုင်ကြည့်နေသည့်ဦးသောင်းမှာရွှေချိုးလက်နောက်ပစ်ထားသည့်ဆီအကြည့်ရောက်နေခဲ့ရင်းလှုပ်စိလှုပ်စိဖြစ်နေခဲ့သောအရာအားကွင်းကွင်းကွက်ကွက်မြင်လိုက်ရပေသည်။

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now