Part-34(Uni+Zg)

76 5 2
                                    

"အ့..."

"ဟင်"

"အင့်...ကျွတ်ကျွတ် ခေါင်းတွေ..ကိုက်..ကိုက်တယ်"

"သက္က..အဆင်ပြေလား ခဏလေး ငါထူပေးမယ်"

"ဟင်း.."

ဒဏ်ရာတွေနဲ့ခန္ဓာကိုယ်ကိုရာဇာပွေ့ထူလိုက်ပြီးကုတင်မှာမှီစေလိုက်သည်။

"အင့်..ဟင်း "

နိမ့်ချည်မြင့်ချည်ရင်အစုံကိုကြည့်နေရင်းကသူစကားစဖို့ကြံလိုက်တယ်။

"သက်သာလားသက္က ငါဒေါက်တာတွေခေါ်လိုက်မယ် လိုအပ်တာတွေစစ်ဖို့အတွက်လေ"

ကုတင်ပေါ်ကလူမှာတော့စကားပြန်မရပါပဲအသက်ပြင်းပြင်းရှူရှိုက်နေပြီးကာမှသူ့ဆီစိုက်ကြည့်လာကာ..

"လဲ့နိုင်..လဲ့လဲ့နိုင်ရောရာဇာ"

မျက်လုံးနှစ်လုံးဖွင့်တာနဲ့ဒီမေးခွန်းကိုမေးမယ်ဆိုတာကြိုသိနေတဲ့အတွက်မဆန်းပေမယ့်လို့အဖြေကိုသူဘယ်လိုပြန်ဖြေရမလဲ..

"အင်း သူရှိတယ်"

"ဟူး...တော်ပါသေးရဲ့. ငါသူနဲ့တွေ့ချင်တယ် ငါ့ကိုသူ့ဆီခေါ်သွားပေး"

"သက္က.."

"ဟင် ဘာလဲ"

"ဟင်းးး"

စိတ်မရှည်သလိုကြည့်လာခဲ့သည်။မျက်ခုံးတန်းလေးတွေတွန့်ချိုးနေသည်ကားဝေဒနါကြောင့်ပဲလား သူ့ကိုသံသယဖြစ်နေခဲ့သည်ကြောင့်ပဲလားမသိနိုင်..

"ဘာလဲကွာ မင်းကြည့်ရတာအထိတ်တစ်လန့်နဲ့"

"အင်း ငါပြောမထွက်လို့ပါ"

"ပြောမထွက်ဘူး ဘာကိုလဲ ဘာကိုပြောမထွက်တာလဲ"

"သက္ကရာ မင်းလည်းသိပြီးခဲ့မှာပါ"

"ကျစ်..မင်းပြောတာတွေငါနားမလည်ဘူးရာဇာ ရှင်းအောင်ပြော"

"မင်းလည်းသိနေခဲ့တာလေ လဲ့နိုင်ကမင်းလက်ပေါ်တင်ဆုံးသွားလေကွာ အခင်ဖြစ်တဲ့နေရာမှာတင်သူအသက်ရှူရပ်သွားခဲ့တာမလား"

ဒီစကားတွေကြားတော့သက္ကမျက်နှာလေးပျက်ယွင်းသွားရတယ်။အောက်နှုတ်ခမ်းလေးတဆက်ဆက်တုန်ယင်လာခဲ့ပြီးရာဇာ့ကိုတစ်လှည့်သူ့လက်တွေကိုတစ်လှည့်ကြည့်လို့ဖြင့်

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now