Part-10(Uni+Zg)

119 6 6
                                    

"ဦးဇော် ကျွန်တော်ဝင်လာပြီဗျ"

"အင်း ဦးဒီမှာ"

လူချမ်းသာတို့ရဲ့စာကြည့်ခန်းဖြစ်တာကြောင့်နံရံတွေကအစစာအုပ်စင်သဘောမျိုးဖြစ်ရကာစာအုပ်များမှာလည်းတောင်လိုပုံနေလျက်တွေ့ရသည်။

"ကျွန်တော့်ကိုဘာလို့ခေါ်တာလဲ"

"ထွေထွေထူးထူးမဟုတ်ပါဘူး မင်းကတက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့မယ်လေ နည်းနည်းပါးပါးသူများနဲ့ယှဥ်ပြောနိုင်အောင်ဗဟုသုတလေးဘာလေးဖတ်ချင်မလားလို့"

"ဒီစာအုပ်တွေအကုန်လုံးလား "

"အကုန်လုံးတော့ဘယ်ဟုတ်မလဲ စိတ်ဝင်စားတဲ့တစ်အုပ်ဖြစ်ဖြစ်ပေါ့"

ဟင်္သာကတွေးတောနေဟန်ရှိပြီးပြုံစိစိဖြစ်သွားကာ..

"ကာတွန်းစာအုပ်ရှိလား"

"ဟမ်.."

"ကိုတွတ်ပြီတို့ဗိုက်ကလေးတို့လေ..အဲ့ဒါရှိလား"

"ဟားဟားဟား.."

"ဦး..ဦးဇော်ဘာလို့ရီတာလဲ"

ရုတ်တရပ်ကြီးနန္ဒဇော်ကအားရပါးရရီမောနေတယ်။အဲ့ဒါကအရူးတစ်ယောက်လိုပဲ..

"မင်းကလေးလား ကာတွန်းဖတ်ရအောင်"

"မသိဘူးလေဗျာ ကျွန်တော်အဲ့ဒါပဲစိတ်ဝင်စားတာကို"

"အဲ့ဒါကြောင့်ရွှေချိုးကိုမင်းစကားနိုင်မလုနိုင်တာ သိလား"

"အဲ့ဒီ့အကောင်ကတော့ပြောမနေပါနဲ့ အကုန်သိအကုန်တတ် ကိုသက္ကကလည်းအချိန်ပေးပြီးအကုန်သင်ပေးတယ် "

"မင်းကိုရော ဦးသင်ပေးရမလား"

တည်တည်ငြိမ်ငြိမ်ပဲပြောလာတဲ့စကားတွေအောက်ဟင်္သာရုန်းထွက်ရခက်သွားရ၏။ခေါင်းလေးအသာငြိမ့်ပြတော့ဖက်လက်စစာအုပ်ကိုပိတ်ကာ..

"အနားလာထိုင်"

မျက်နှာချင်းဆိုင်ထိုင်နေတဲ့သူ့ကိုအနားခေါ်နေသည်ကြောင့်တရိုတသေပဲဝင်ထိုင်လိုက်ကာနန္ဒဇော်ဆီကိုပဲသူ့အကြည့်တွေကိုလွှတ်ထားမိပါသည်။

"ဘာသိချင်လဲ မေး.."

"အစားအသောက်တွေသိချင်တယ် ဒီကဟာတွေကျွန်တော်ဘာတစ်ခုမှမခေါ်တတ်ဘူး"

~မေတ္တာလုံ၍နွေးစေချင်~(On going)Onde histórias criam vida. Descubra agora