Part-22(Uni+Zg)

63 4 2
                                    

"ဒီနေ့ကျောင်းနားလိုက်တယ်ဆိုတော့ အိမ်မှာပျင်းနေရမယ့်အတူတူ တစ်နေရာရာသွားချင်သလား"

"သွားချင်တဲ့နေရာရယ်လို့မပြောတတ်ဘူး ကိုသက္ကဘယ်ခေါ်သွားချင်လဲ ကျုပ်သဘောကျမယ့်နေရာတစ်နေရာရာပေါ့"

"ရွှေချိုးသဘောကျမယ့်နေရာ.."

"ဟုတ်.."

"အင်း...ဒါဖြင့်ရင်တော့ဟိုတစ်ခါခိုးပြီးသွားထိုင်တဲ့Barပဲထင်တယ်"

"အာ...မသွားပါဘူး..မသွားဘူး.."

ခရမ်းရောင်ဆံပင်တွေဖွာကုန်တဲ့အထိခေါင်းကိုခါရမ်းပစ်ရင်းငြင်းဆိုလာသည်။

"ဟားဟား..ဘာဖြစ်လို့လဲ မင်းပဲသဘောကျတယ်မဟုတ်ဘူးလား....ဟမ်"

"ကိုသက္ကပဲမကြိုက်ဘူးဆို ကိုသက္ကမကြိုက်တဲ့နေရာကိုကျုပ်ကသွားစရာလား မသွားဘူး သေတာတောင်အဲ့ဒီ့ကိုမသွားတော့ဘူး"

နှုတ်ခမ်းဆူလို့ငြင်းဆန်ပြနေသည့်ကောင်လေးအားသက္ကဒီတစ်သက်လက်လွှတ်ပေးဖို့ရာဖြစ်လာနိုင်ချေမရှိ..ခါးလေးကိုသိမ်းဖက်လိုက်ပြီးဆူထွက်နေဆဲနှုတ်ခမ်းလေးကိုဖိကပ်နမ်းရှိုက်လိုက်ကာ..

"ဟက်..ကိုယ်စိတ်ဆိုးမှာကြောက်တာလား..အပြစ်ပေးခံရမှာကိုကြောက်တာလား"

"အပြစ်...ဟုတ်လား.."

"အင်းလေ..ဟိုတစ်ခါကလမ်းမပေါ်မှာထိုင်ထလုပ်ခိုင်းတာမမှတ်မိတော့ဘူးလား"

"အော်...ဟီးးး"

"ပြောပါအုံး..အဲ့ဒီ့တုန်းကကိုယ့်ကိုအရမ်းမုန်းသွားတယ်မလား"

အသားယူတယ်ပြောလည်းခံလိုက်ပါတော့မည်လေ..အငြိမ်မနေနိုင်သည့်လက်တို့ကရွှေချိုးခါးနားတစ်ဝိုက်ပွတ်သပ်နေခဲ့ပြီးလက်မောင်းလေးတွေကိုလည်းနှာတံနှင့်ပွတ်ဆွဲနေမိလေခြင်း..

"မုန်းတယ်ဆိုတာဘာမှန်းတောင်မသိခဲ့ရပါဘူးကိုသက္ကရယ်..ကျုပ်ဖြင့်လေ..ခင်ဗျားကိုစတွေ့မိကတည်းကရင်ထဲမှာတစ်လှပ်လှပ်နဲ့ခံစားခဲ့ရတာ..ကိုသက္ကဆူတော့လည်းသူငယ်နှပ်စားကလေးတစ်ယောက်လိုအော်ဟစ်ငိုယိုပစ်လိုက်ချင်တာများ...ဟား...တော်တော်လည်းသောကတွေဖြစ်ခဲ့ရတယ်..အဲ့ဒီ့နေ့ကအပြစ်ပေးတာကိုမမုန်းမိပေမယ့် ဝမ်းနည်းတယ်..စိတ်ထဲမကောင်းဘူး အဲ့ဒီ့နောက်ပိုင်းကစပြီး ကိုသက္ကစိတ်ဆိုးဒေါသဖြစ်မှာကိုကျုပ်မှာအသားတွေတုန်အောင်ကြောက်ရတော့တာပဲ"

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now