Part-44(Uni+Zg)

83 6 4
                                    

ရေချိုးခန်းထဲကကိစ္စနဲ့မာတာမိခင်ခမျာအိပ်ယာထဲရှူဆေးရှူနေရရှာသည်။ဒီအခြေအအနေအထိရောက်နေလည်းအကြောတင်းနေဆက်တစ်ယောက်ကတော့အနားမှာဝေ့လည်လည်လုပ်ရင်းဆက်ရှိနေဆဲပါပဲ

"မာမား..သက်သာရဲ့လား"

"ရပါတယ် သွေးမြင်ပြီးလန့်သွားတာ သားဖြိုးတစ်ခုခုဖြစ်ပြီထင်လို့လေ"

"ဘာမှမဖြစ်ပါဘူး ဒီအတိုင်းထိခိုက်မိသွားတာ"

"သားကိုက်လိုက်တာအန်တီ"

"နေသူရိန်.."

ပါးတွေရဲပြီးမျက်လုံးတွေပြူးပြနေတဲ့သူ့ကိုမာမားရောနေဆက်ကပါပြုံးစိစိနဲ့ကြည့်လာတယ်။ဘာတွေလဲ..ဒီကိစ္စမှာမာမားကပါကြံရာပါနေပြီလား

"မာမား..ဘာလို့ရီနေတာလဲ"

"သားကတယ်လည်းအရှက်ကြီးတာကိုး.."

"ဘာ..ဘာကိုအရှက်ကြီးရမှာလဲ...မာမားဘာသိလို့လဲ..ဒီစပ်ဖြဲဖြဲနဲ့ကောင်သားကိုဘာလုပ်ဖို့ကြံနေလဲမာမားသိရဲ့လား"

လက်ငြှိုးတစ်ထိုးထိုးနဲ့လုပ်နေတဲ့သူ့ကိုနေဆက်ကပြုံးပြုံးကြီးပဲကြည့်နေခဲ့၏။

"စိတ်ကိုလျှော့ပါအုံး သားကိုမာမားကတမင်ပြောမပြတာပါ "

"ဘာကိုလဲ"

"အခုမာမားပြောမယ့်စကားကိုသေချာနားထောင်နော်သားဖြိုး သားငယ်ငယ်ကတည်းကမာမားစကားဆိုနားမထောင်တာ ဒီတစ်ခါတော့အလေးအနက်ထားရမယ် ကြားလား"

သိချင်ဇောနဲ့ဟန်သူခေါင်းငြိမ့်လိုက်တယ်။

"ပြောလေမာမား"

"အင်း ဒီကသားသူရိန်နဲ့သားဖြိုးကိုမာမားတို့မိဘချင်းသဘောတူထားလိုက်ပြီ"

"ဘာကြီး.."

ဝုန်းခနဲထရပ်လိုက်တဲ့သူ့ကိုမာမားကရင်ဘတ်လေးဖိလို့မျှော်ကြည့်လာလေရဲ့...

"ကိုကိုရယ် အရမ်းပျော်သွားတာပဲလားဟင် ကျွန်တော့်ကိုအဲ့ဒီ့လောက်ထိသဘောကျနေခဲ့တာလား"

"ဒီမအေ...."

"သားဖြိုး...မအေကြီးရှေ့မှာဆဲဆိုချင်တာလား အခုပြန်ထိုင်နေစမ်း"

~မေတ္တာလုံ၍နွေးစေချင်~(On going)Où les histoires vivent. Découvrez maintenant