Part-41(Uni+Zg)

53 4 0
                                    

"အဓိပ္ပါယ်မရှိတာကိုလုပ်မနေနဲ့ အခုအဝတ်တွေပြန်ဝတ်စမ်း"

"မဝတ်ဘူး လုံးဝပဲ"

"မင်း .....အရှက်ဆိုတာဘာလဲရောနားလည်သေးရဲ့လား "

"နားလည်တယ် ဒါပေမယ့် ငါ့အရှက်နဲ့သိက္ခာကိုရင်းပြီးမှမင်းကိုပိုင်ဆိုင်နိုင်မယ်ဆိုရင် ဘယ်လိုအခြင်းအရာမျိုးကိုမဆိုငါလုပ်ရမှာပဲ "

"ရူးနေလား "

"ရူးတယ် ငါရူးတယ်ဘာဖြစ်လဲ အဲ့ဒီ့လိုရူးနေတဲ့လူကိုတောင်မင်းလက်ခံပေးလို့လား "

ညဥ့်နက်နေပြီဖြစ်လို့နှစ်ဦးသားစကားတို့ကိုအထိန်းအကွပ်ရှိရှိပြောနေရသည်။လက်မောင်းတစ်ဖက်ကိုဖိကိုင်ရင်းဆူပုတ်ပုတ်နဲ့ဇင်ထက်တစ်ယောက်သူ့ရှေ့ကတဇောက်ကန်းလေးကြောင့်ဇောချွေးပြန်နေရတယ်။

"ရွာကထွက်သွားပြီးနှစ်တွေကြာလာတာနဲ့အမျှ ငါမင်းကိုပိုပြီးပိုပြီးလွမ်းလာတယ် မင်းကိုညတိုင်းအိပ်မက်မက်တယ် ငါ့ရှေ့ကလူတွေဘယ်လောက်ချောချောဘယ်လောက်လှလှမင်းမဟုတ်လို့လှည့်မကြည့်ခဲ့ဘူး "

စောင်ပုံလေးထဲကနေခပ်ဖွဖွပြောလာတဲ့စကားသံတစ်ချို့ကိုဇင်ထက်အေးအေးဆေးဆေးပဲနားထောင်ပေးနေတာကထူးတော့ထူးနေခဲ့သည်ပဲ

"ငါတက်တဲ့ကျောင်းကအလှဆုံးမိန်းကလေးရဲ့အပြုံးလှလှတွေက မင်းငယ်ငယ်ကငါအနိုင်ကျင့်လို့ငိုယိုနေခဲ့တဲ့မျက်နှာလောက်ငါ့ရင်ထဲမှာကြည့်မကောင်းခဲ့ဘူး ငါ...ငါက မင်းကိုချစ်လို့ချစ်နေခဲ့မှန်းတောင်မသိခဲ့ရတဲ့လူပါ ဒီအချိန်ငါကျောင်းတက်နေရမှာ ဒါပေမယ့်မင်းကိုပိုင်ဆိုင်လိုစိတ်နဲ့ရအောင်လိုက်လာခဲ့တာ ငါ့ကိုရင်နာရအောင်တော့မလုပ်ပါနဲ့လား"

"မင်းကအရမ်းအတ္တကြီးလွန်းတယ် အခုပြောသွားတာတွေက မသိရင်မင်းကိုပဲငါကနာကျင်အောင်လုပ်နေသလိုလိုနဲ့...... မင်းကြောင့် ငါတစ်ညလုံးငိုခဲ့ရဖူးတယ် ငါ့အဖေကိုငါရွာပြင်ထွက်ဆော့တာတိုင်လို့ ခြေထောက်မှာအရှိုးရာထပ်နေအောင်အရိုက်ခံရဖူးတယ် မင်းကြောင့်နဲ့တစ်ညလုံးဒူးထောက်လက်မြှောက်ပြီးဒဏ်ပေးခံရတယ်.. ပြောပါအုံး....မင်းသိပ်ချစ်ခဲ့တာပဲလား"

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now