Part-13(Uni+Zg)

96 7 2
                                    

ခြံထဲကားလေးထိုးဆိုက်လာတာနဲ့အရင်ဦးဆုံးထွက်ကြိုတာကဟင်္သာတောင့်တနေတဲ့ဦးဇော်...လက်ညှိုးနဲ့လက်ခလယ်ကြားမှာညှပ်လို့ထားတဲ့စီးကရက်ကိုမြင်လိုက်ရတော့သူနှုတ်ခမ်းဆူမိသွားတယ်..

"နောက်ကျလိုက်တာ ဘယ်တွေအလည်လွန်နေကြတာလဲ"

"သားအစည်းအဝေးရှိနေလို့Daddyရ အခုမှကြိုလာတာ"

"ဟော..Babyကလည်းလေ ကလေးတွေကြောက်နေခဲ့မှာပဲ "

လက်ကြားညှပ်ထားတဲ့စီးကရက်ကိုတစ်ချက်မျှရှိုက်ဖွာလိုက်သည်ကြောင့်တစ်စုံတစ်ယောက်မှာတော့မျက်နှာလေးဟာပျက်သည်ထက်ပိုပိုကာပျက်ယွင်းလာရင်း..

"ဦးဇော် "

"ဟင်."

"ဆေးလိပ်တွေ ကျွန်တော်မကြိုက်ဘူး"

"မင်းကိုတိုက်နေလို့လား ဦးကဆေးဖြစ်ဝါးဖြစ်သောက်တာပါ"

သူထပ်ပြီးအငွေ့တွေကိုမှုတ်ထုတ်လိုက်လိုက်တယ်။

"ဦးဇော်ကပြောစကားနားမထောင်ဘူး အဲ့ဒါတွေကရောဂါရတယ်လို့ဆရာတော်ဘုရားကပြောဖူးတယ် အဲ့ဒါကြောင့်စေတနာနဲ့ပြောပြနေတာ"

"အကျင့်ဖြစ်နေပြီလေ "

"ရအောင်ဖြတ်ပေါ့..အဲ့ဒါသောက်မယ့်အချိန်ရေပြေးသောက်လိုက်"

"ဟ..အဲ့ဒီ့လောက်လွယ်သလားကွ"

"အွန်း"

လုံးလုံးပုပုသေးသေးလေးဖြစ်တာကြောင့်ဟင်္သာနဲ့စကားပြောချိန်တွေဆိုနန္ဒဇော်အမြဲခါးကိုင်းပေးထားရသည်ချည်းပင်..စီးကရက်သောက်နေသည့်သူ့အားဂရုဏာဒေါသလေးဖြင့်ဆူနေပါသောကလေးပေါက်စ၏မျက်လုံးဝိုင်းဝိုင်းလေးတွင်သူ၏အသက်သွေးကြောတည်နေခဲ့သည်။

"Daddy. ...အမ်း..Daddy. .သားတို့အဝတ်အစားလဲပြီးမှတီဗီကြည့်ပြီးစကားပြောကြမယ်လေ "

"သူတို့ကြည့်ရတာတစ်ခုခုပဲကိုသက္က.."

"အင်း ကိုယ်လည်းထင်တယ်"

သူ့ကိုစူးစူးရဲရဲစိုက်ကြည့်လာတော့ဟင်္သာရင်ထဲထိတ်ခနဲဖြစ်သွားရတယ်။စိတ်များဆိုးသွားသလား..ဒေါသထွက်ပြီးများသူ့ကိုထိုးတော့မလားဆိုတဲ့စိတ်တွေကြောင့်ထင်အောက်နှုတ်ခမ်းလေးကိုဖိကိုက်ထားလိုက်မိသည်။

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now