Part-35(Uni+Zg)

72 3 4
                                    

"ဟေ့ကောင်.."

"ဟမ် ဘာလဲ"

လမ်းဘေးကခူးယုလာတဲ့ဇီဇဝါပန်းလေးကိုကြည့်ပြီးတစ်စုံတစ်ယောက်လိုမျှော်မှန်းလွမ်းနေရတဲ့သူ့ဘဝကအဆင်တွေပြေမနေခဲ့ပါဘူး..ဟင်္သာရဲ့အသံကြောင့်မော့ကြည့်မိတော့ထူးဆန်းသည်လည်းရှိမနေ..

"ခေါ်တုန်းကခေါ်ပြီးဘာဖြစ်တာလဲပြောလေ"

"ဟိုမှာ..ဒေါ်စိန်စိန်မြင့်ကြီး"

"အော်..ဒေါ်ဒိုင်းမွန်းစကွဲယားမြင့်...သူ့ဟာ့သူနေတာပါကွာ"

"သူ့ဟာ့သူနေတာကဟုတ်တယ် ရွာထိပ်နတ်စင်မှာလက်အုပ်ချီပြီးဘာတွေရွတ်ဖတ်နေလဲမသိလို့"

"မင်းကတော့အလုပ်မဟုတ်တာကိုလုပ်ချင်ပြန်ပြီ သူ့စိတ်နဲ့သူ့ကိုယ် ဘာလုပ်နေနေပေါ့ကွ"

"ထူးဆန်းလို့ပေါ့ခွေးသားရဲ့ "

ဒီတော့မှရွှေချိုးမျက်ခုံးပင့်ကြည့်လိုက်မိတယ်။

"အင်း..ဟုတ်တော့ဟုတ်တယ်ကွ ဒီမိန်းမကြီးဘယ်တော့မှနတ်တွေဘာတွေပူဇော်တတ်တာမဟုတ်ဘူး ကိုးလည်းမကိုးကွယ်ဘူးထင်တယ်နော်"

"အေး အဲ့ဒါဘာလို့အခုကျနတ်စင်ရှေ့ရောက်နေလဲ မဟုတ်မှ ရွာကိုအတိုက်အခိုက်တစ်ခုခုလုပ်ချင်တာလားမသိဘူး"

"ဟင်းးးဒေါ်ဒိုင်းမွန်းစကွဲယားမြင့်နဲ့ကိုရွှေဟင်္သာတို့တော့တွေ့ကြပြီပေါ့ကွာ.."

သူတို့လာနေတာမြင်တော့ဒေါ်စိန်မြင့်တစ်ယောက်ထပြေးဖို့လုပ်တယ်။လက်သွက်တဲ့ရွှေချိုးကလှမ်းဆွဲထားလိုက်မိလို့သာပေါ့

"ဟဲ့ ဘာလုပ်တာတုန်း"

"အရီးမြင့်ကရောဒီမှာဘာလုပ်နေတာတုန်း"

"အမလေး ငါ့ဟာ့ငါဘာလုပ်လုပ်ပေါ့ နင်တို့အပူပါလား နေပြင်းရတဲ့ကြားထဲ"

"ခါတိုင်းနတ်တွေဘာတွေမကိုးကွယ်ဘူးလို့သိထားတာကိုအခုနတ်စင်ရှေ့တွေ့လိုက်ရတော့စိတ်ဝင်စားသွားလို့ပါ"

"ဟုတ်တယ် အရီးမြင့်ကထူးထူးဆန်းဆန်းတွေလုပ်နေလို့ အဲ့ဒါ အတိူက်အခိုက်တွေများလုပ်နေတာလားသိချင်တာ"

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now