Part-19(Uni+Zg)

82 6 9
                                    

"မျက်နှာလည်းမကောင်းဘူး ဘယ်လိုဖြစ်တာလဲ"

"အင်း နေလို့သိပ်မကောင်းလို့"

"အဲ့ဒါဘာလို့မပြောတာလဲ "

"ပြောတော့ရော ဂရုစိုက်မှာမို့လို့လား"

ဟန်သူ့စကားကိုကြားပြီးရာဇာ့မျက်နှာအနေအထားကပြောင်းလဲသွားရတယ်။

"ငါအေးစက်တာမှန်ပါတယ် ဒါပေမယ့်...မင်းနဲ့ပတ်သက်တဲ့အရာတွေမှာတော့အာရုံစိုက်ပေးခဲ့တာချည်းပဲ.."

"ဟက်...ဟုတ်လို့လား"

"ကျယ်ကျယ်လွင့်လွင့်ရှင်းပြနေရအုံးမှာလားဟန်သူ"

ကားပြတင်းတံခါးကတစ်ဆင့်အပြင်ကိုငေးကြည့်နေရင်းကနေမှုန်သုန်နေတဲ့မျက်နှာလေးကိုရာဇာရှုစားနေရလေရဲ့..

"ဘာကိုစိတ်တိုင်းမကျပြန်လဲ "

"ထင်လို့ပါ"

"ငါ့ကိုလာလိမ်မနေနဲ့"

"ငါပြောရင်.."

"......"

"မင်းစိတ်ဆိုးမှာလား"

"ဘာစကားမို့လို့ဒီလောက်အထိအရေးတယူပြောနေတာလဲ"

"အင်း အရေးကြီးတယ်..အဲ့ဒါက...ငါ့ကိုတောင်ရူးသွပ်စေနိုင်တယ်"

မလွယ်ဘူးဆိုတဲ့သဘောနဲ့ရာဇာခေါင်းရမ်းလိုက်မိပြီး...

"ပြော..ငါအရစ်ရှည်တာမုန်းတယ် "

"အင်း"

ပြောရခက်နေတယ်ဆိုတာထက်ပြောသင့်မပြောသင့်ကိုသူပိုပြီးတွေးဆနေမိတာရယ်..ရာဇာ့ဘက်ကခါတိုင်းလိုပဲသူ့စကားကိုစောင့်ရင်းတည်ကြည်နေတယ်။

"မင်းငါ့ကိုတစ်ကယ်ချစ်ရဲ့လား"

ပြောချင်ခဲ့တဲ့စကားကရင်ထဲကျန်နေခဲ့ရရင်းပြောထွက်သွားတာကတော့ကလေးဆန်ဆန်စကားတွေချည်းပင်...

"ဟင်းဟင်း....ဘာလဲ ငါ့ကိုမယုံဘူးလား"

"မယုံဘူး"

"ဘာ"

"ငါ...ငါကြောက်တယ်ရာဇာ..မင်းငါ့ကိုထားရစ်ခဲ့မှာငါကြောက်တယ်.."

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးကသူ့ပုခုံးကိုမျက်နှာအပ်ရင်းငိုသည်တဲ့...ရာဇာပြုံးလိုက်မိပြီးကားကိုလမ်းဘေးထိုးရပ်လိုက်ကာ..

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now